Part~5(Z+U)

15.6K 1K 146
                                    

Uni
——

~နေမကောင်းဘူး ဘာလုပ်ပေးမလို့လဲ ဖက်ထားပေးမလို့လား~

ဝေဟင် ဖုန်းဆက်ကာ ဒီရက်ပိုင်းအတွင်း မေမမှီမှိုင်းကို  လာတွေ့ဖို့ပြောပေမယ့် မေမမှီမှိုင်းက အဆင်ပြေကြောင်း၊လာတွေ့စရာမလိုကြောင်း၊သူအလုပ်ရှုပ်နေတယ်ဆိုပြီးတော့ပဲ ပြောနေတာကြောင့် သူ့မှာ သူငယ်ချင်းကို စိတ်ပူနေပေမယ့်လည်း လိုက်ရှာဖို့က အစအနတောင် ရှာမတွေခဲ့။

ဒီနေ့ နေ့လယ်ကျမှ မေမမှီမှိုင်းက သွားနေကျမုန့်ဆိုင်တစ်ခုမှာ ချိန်းသည်။

သူချိန်းထားတဲ့နေရာကို ရောက်သွားတော့ ကြိုစောင့်နေသော မေမမှီမှိုင်းက သူ့ကို လက်ထောင်ပြကာ ခေါ်လာသည်။

"ဝေဟင်.."

"မေ.."

မေမမှီမှိုင်းကို ပြန်ခေါ်လိုက်ကာ ဝင်ထိုင်လိုက်ရင်း...

"အဆင်ပြေရဲ့လား...ဖုန်းခေါ်လိုက်တိုင်း အဆင်ပြေတယ်ပဲ ပြောနေတာ...တကယ်ရော ဟုတ်ရဲ့လား.."

မေမမှီမှိုင်းက ကြိုမှာပေးထားသော အအေးခွက်ကို ဝေဟင်ရှေ့ချပေးလိုက်ကာ..

"ဟုတ်ပါတယ်ဟယ်...ငါအလုပ်များနေလို့..."

အလုပ်များနေလို့ ဆိုတဲ့စကားကြောင့် ဝေဟင် မေမမှီမှိုင်းကို သေချာပြန်ကြည့်လိုက်မိသည်။

ဒီလိုကိစ္စကြီး ဖြစ်သွားတာတောင် အလုပ်များ နေနိုင်သေးတာလား....။

ဝေဟင်အကြည့်ကို မေမမှီမှိုင်းက နားလည်သည့်အလား ပြုံးပြလိုက်ပြီး...

"ငါမင်္ဂလာဆောင်တော့မယ် ကိုကိုနဲ့"

"ဘယ်လို..သဘောတူလိုက်ပြီလား.."

မေမမှီမှိုင်းနဲ့ကိုဟန်သာမှိုင်းတို့ကို မေမမှီမှိုင်းအမေဖက်က သဘောမတူထားပါ။ကိုဟန်သာမှိုင်းက ထက်မြက်ပြီးရိုးသားတည်တံ့ပေမယ့် လုပ်ငန်းရှင်တစ်ယောက်မဟုတ်တော့ မေမမှီမှိုင်းတို့အမျိုးတွေက သဘောမကျကြ။

မေမမှီမှိုင်းက ဘယ်သူ့အတွေးကိုမှဂရုမစိုက်ဘဲ သူရွေးချယ်မှုကို နောင်တမရဘဲ ရှေ့ဆက်နေလို့သာ....။မဟုတ်ရင် ကိုဟန်သာမှိုင်းလို မာနကြီးတတ်တဲ့လူနဲ့ မေမမှီမှိုင်းတို့ဘက်က အတ္တကြီးပုံမျိုးက ဘယ်လိုမှရှေ့ဆက်နေမှာမဟုတ်...။

My lover is not like a gentle (Z+U) (Completed ) Hikayelerin yaşadığı yer. Şimdi keşfedin