Part~36(U+Z)

7.2K 486 158
                                    

Uni

ဦးမင်းကောင်းခန့် ဝန်ထမ်းတွေရှေ့မှာ အကုန်လုံးကို ဝန်ခံလိုက်ပြီးနောက်မှာတော့ အလုပ်ခွင်မှာ ပြောင်းလဲမှုတွေရှိလာခဲ့သည်။

ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက်ကိစ္စမှာ ဦးမင်းကောင်းခန့်အတွက် ထိခိုက်ဆုံးရှုံးမှုအများကြီးရှိခဲ့ပြီး ဝေဟင်ကိုတော့ အမှန်တကယ် ရိုသေလေးစားလာကြသည်။ဒါက ထင်ရှားလိုချင်တဲ့ အခြေနေအတိုင်းကွက်တိပင်။

ဒီကိစ္စကို အဖိုးဆီမရောက်အောင်လည်း သူ့မှာ သေချာဖုံးဖိထားရသေးသည်။အဖိုးဝင်ပါလာရင် ပိုရှုပ်ကုန်ပြီး ခန့်မှန်းရခက်ကာ သူစီစဥ်ထားတာနဲ့ လွဲချော်သွားနိုင်သည်။

အဆင်မပြေတာက တစ်ခုပဲ။

တွေးနေရင်းနဲ့ပင် ထင်ရှားသက်ပြင်းခပ်သာသာ ချလိုက်မိလေသည်။

ကောင်လေးက စိတ်ဆိုးနေတုန်းပဲ။စိတ်ဆိုးစေချင်ပေမယ့်လည်း ဒီလောက်ကြီးက မဟုတ်ဘူးသေးဘူးလေ။တစ်အိမ်တည်းအတူနေ၊အတူသွား၊အတူစားတာတွေက ပုံမှန်ပါပဲ။

ပုံမှန်မဟုတ်တာက အဲ့ဒီမှုန်ကုတ်ကုတ် မျက်နှာလေး။သူ့မှာ အဲ့ဒီမျက်နှာလေးကို အသည်းယားလွန်းလို့လည်း ရူးမတတ်။ဒါပေမယ့် သူ့ကိုစိုက်ကြည့်လာတဲ့ အေးစက်စက်မျက်လုံးတွေကြောင့် အနားတောင်မကပ်ရဲ။

အချစ်ခံချင်ပါတယ်ဆိုမှ ဒီသုံးစားမရတဲ့ကိစ္စတွေကြောင့် ကောင်လေးကို စိတ်ဆိုးအောင်လုပ်ရပြီး သူ့မှာကြောက်ပဲကြောက်နေရတယ်။ဘယ်လိုတွေတောင် မဖြစ်သင့်လိုက်သလဲ။

မကျေနပ်ချက်တွေနဲ့အတူ လျှောက်လှမ်းနေတဲ့ ထင်ရှားရဲ့ခြေလှမ်းတွေသည် တော်တော်လေးမြန်နေပြီး ထင်ရှားကိုမြင်လိုက်ရတဲ့ ဝန်ထမ်းတွေမှာလည်း အထိတ်ထိတ်အပျာပျာနဲ့။

CEOလေးက စိတ်မကြည်ရင် တကယ်ရှိန်ရကြောက်ရသည်။

သူတို့ကြည့်နေတုန်းမှာပင် ထိုCEOလေးရဲ့မျက်ခုံးတွေက ပိုတောင်တွန့်ချိုးသွားပြန်သည်။အကြောင်းရင်းက ထိုစိတ်မကြည်တဲ့ CEOလေးဆီကို တစ်ယောက်ယောက်က ဖုန်းခေါ်လာခြင်း။

ထင်ရှား သူ့ဆီဖုန်းခေါ်လာသော မဟော်ကြောင့် စိတ်ကပိုမကြည်တော့။အဲ့ဒီကိစ္စတွေကို ခဏလောက်မတွေးဘဲ နေချင်ပါတယ်ဆိုမှ...။

My lover is not like a gentle (Z+U) (Completed ) Where stories live. Discover now