Part~40(The end)

12.3K 500 176
                                    

Uni

မျက်နှာချင်းဆိုင် ထိုင်နေကြတဲ့လူနှစ်ယောက်။

တစ်ယောက်ကထောင်တွင်းဝတ်စုံနဲ့လူလတ်ပိုင်းအမျိုးသား နောက်တစ်ယောက်က တန်ဖိုးကြီးအဝတ်စားတွေနဲ့ အသက်ကြီးပိုင်း လူကြီးလူကောင်း...။

နှစ်ယောက်လုံးရဲ့မျက်နှာတွေက တည်တံ့နေသည်။

"နေကောင်းရဲ့လား"

ဦးမင်းထင်ရှားက မျက်နှာချောင်ကျသွားသော ဦးမင်းကောင်းခန့်ကို ကြည့်ကာမေးတော့ ဦးမင်းကောင်းခန့်က နားလည်ရခက်သွားပုံမျိုးနဲ့ ခပ်မဲ့မဲ့ရယ်သည်။

"သတ်ပစ်မယ်လို့ အရင်စပြောမယ်ထင်ခဲ့တာ...တစ်ဦးတည်းသော မြေးကို သတ်ဖို့ကြံစည်ခဲ့လို့လေ"

"မင်းပုံစံကိုကြည့်ရတာ ငါ့ကိုတော်တော်မုန်းနေပုံပဲ"

ဦးမင်းထင်ရှားရဲ့ တည်တည်ငြိမ်ငြိမ်အမေးစကားကို တစ်ဖက်လူက တိတ်ဆိတ်ခြင်းနဲ့သာ ပြန်တုံ့ပြန်သည်။

မှန်တယ်လို့ဝန်ခံခြင်းလား...ပြန်ဖြေချင်စိတ်ကို မရှိတာလား..ဦးမင်းကောင်းခန့်သာသိလိမ့်မည်။

"သားသမီးယုံ စုံလုံးကန်းတဲ့...မင်းဘဝရဲ့ အမှန်တရားကို မမြင်နိုင်လောက်အောင်အထိ ငါ့သမီးကိုငါယုံခဲ့မိတယ်...မင်းကောင်းခန့်.."

ဦးမင်းထင်ရှားရဲ့စကားတွေကို ဦးမင်းကောင်းခန့်က မျက်နှာသေဖြင့်သာနားထောင်နေသည်။သူကတစ်လျှောက်လုံး နားထောင်သူလုပ်ဖို့သာ ဆုံးဖြတ်ထားပုံရသည်။

ဒါကိုသတိပြုမိသွားတဲ့ ဦးမင်းထင်ရှားလည်း အပြန်စကားကို စောင့်မနေတော့ဘဲ ပြောစရာရှိတာသာ ဆက်ပြောသည်။

"ဒေစီရှားရဲ့လုပ်ရပ်တွေအတွက် တောင်းပန်ပါတယ်"

ထိုအခိုက်တန့်မှာတော့ စကားဝိုင်းကို လုံးဝစိတ်မဝင်စားတဲ့ ဦးမင်းကောင်းခန့်ရဲ့မျက်နှာသည် အနည်းငယ်လေးနက်မှုရှိလာပြီး ဦးမင်းထင်ရှားကို ပြန်ကြည့်လာသည်။

"ပြီးတော့ မင်းကိုအထင်လွဲပြီး ဖိအားပေးမိတဲ့အတွက် ငါလည်းတောင်းပါတယ်"

ခေါင်းငုံ့ကာ ရိုရိုကျိုးကျိုးတောင်းပန်လာတဲ့ စကားအဆုံးမှာ​တော့ ဦးမင်းကောင်းခန့်မျက်နှာက တည်တံ့နေရာမှ ခဏလေးလေးအတွင်း ချက်ချင်းပြောင်းလဲသွားလေသည်။

My lover is not like a gentle (Z+U) (Completed ) Where stories live. Discover now