Part~30(Z+U) Warning 🔴

11.3K 474 84
                                    

Uni

Warning: သွေးထွက်သံယိုအခန်းများနဲ့ ကြမ်းတမ်းသောစကားအသုံးနှုန်းများပါဝင်လို့ ဒီအပိုင်းကိုချင့်ချိန်ပြီးဖတ်ပါ။
..........................။

မင်းကောင်းခန့် မြူနှင်းဝေ​ကို ဘယ်လောက်ပဲလိုက်ရှာခဲ့ပါစေ..လုံးဝရှာမတွေ့ခဲ့ပါ..။

နှစ်တွေလတွေပြောင်းလဲကုန်ပြီးနောက်...ညနေခင်းတစ်ခုမှာ သူ့ကိုလုံးဝပြောင်းလဲသွားစေမယ့် ဖြစ်ရပ်တစ်ခုဖြစ်ပေါ်ခဲ့သည်။

ဒေစီရှား...။

ထိုအမျိုးသမီးကသူ့ကို အဲ့ဒီညနေခင်းမှာ အိမ်ရဲ့ခေါင်မိုးထပ်ကိုခေါ်ခဲ့သည်။
သူရောက်သွားချိန်မှာ ဒေစီရှားက ထိုအမြင့်ထပ်ရဲ့ အစွန်ဖျားမှာရပ်နေခဲ့သည်။

"ဘာထပ်လုပ်ဖို့ကြံနေပြန်ပြီလဲ..."

စိတ်မရှည်ဟန်နဲ့မေးတော့ ဒေစီရှားကမျက်နှာသေနဲ့လှည့်ကြည့်လာကာ ခနဲ့ဟန်နဲ့ပြန်ပြောလာသည်။

"လူမသိသူမသိ တိတ်တိတ်ပုန်းမယားကိုလိုက်ရှာနေရတော့ တော်တော်ပင်ပန်းနေမှာပေါ့..."

ထိုမိန်းမပါးစပ်က သူချစ်ရတဲ့အမျိုးသမီးကိုချိုးနှိမ်ပြောဆိုလာတဲ့အခါ သူ့စိတ်တွေမတည်ငြိမ်နိုင်တော့။

ရှာမတွေ့လို့ စိုးရိမ်​​သောက​တွေနဲ့ နေ့တိုင်းဖြတ်သန်းနေရတာလေ..ဒီလိုစကားမျိုးကြားလိုက်ရတာ ဘယ်သူကများစိတ်ထိန်းနိုင်မှာတဲ့လဲ။

"သူ့ကိုအဲ့လိုပြောပိုင်ခွင့် ခင်ဗျားမှာရှိလို့လား...။စိတ်တိုင်းကျ လုပ်ချင်ရာလုပ်ခဲ့တာ ခင်ဗျားပဲမဟုတ်ဘူးလား..။အစကတည်းက ကျွန်တော့်မှာဝေရှိနေတယ်ဆိုတာ ကြိုပြောခဲ့ပြီးသား။ ခင်ဗျားကိုယ်တိုင်က ကျွန်တော့်ကိစ္စတွေမှာ ဝင်မရှုပ်ဘူးလို့ ပြောခဲ့တာလေ."

ထိုစကားကြားတော့ ဒေစီရှားရဲ့မျက်ဝန်းတွေဟာ ဝဲတက်လာတဲ့မျက်ရည်တွေကြောင့် ချက်ချင်းကို​အရောင်လဲ့လာသည်။

အဲ့ဒီအချိန်တုန်းက ဒီလိုမျိုးချစ်မိသွားမယ်လို့မှ မထင်ခဲ့တာ။အရာအားလုံးက သူ့အမှားဖြစ်နေတာကို ဘယ်နှလုံးသားနဲ့များ ဒီကောင်လေးကို အပြစ်မြင်ရက်ပါ့မလဲ..။အချစ်ဦးနဲ့ဝေးအောင် ကိုယ်ပဲလုပ်ခဲ့တာ။အစကတည်းက မနိုင်တဲ့ဇာတ်ကို ကိုယ့်ကိုကိုယ်အထင်ကြီးပြီး ကမိခဲ့တာပဲ။

My lover is not like a gentle (Z+U) (Completed ) Where stories live. Discover now