Part~34(U+Z)

6.2K 451 103
                                    

Uni

ထင်ရှားခန့်မှန်းထားသည့်အတိုင်းပင်။ မဟော်က ရက်အနည်းငယ် ကြာလာတော့ နှစ်ယောက်သားတွေ့ကြရန် ချိန်းဆိုလာလေသည်။

နှစ်ယောက်လုံးချိန်းဆိုထားတဲ့ နေရာကိုရောက်နေကြပေမယ့်လည်း ဘယ်သူကမှစကားစတင်မပြောကြ။

အချိန်အတန်ကြာတော့မှ ထင်ရှားကတိတ်ဆိတ်ခြောက်သွေ့နေတဲ့ လေထုကို ဖြိုခွင်းရန် စတင်ပြောဆိုလာသည်။

"မင်း အစ်ကို့ကိုရွေးဖို့ ဆုံးဖြတ်လိုက်ပြီပေါ့.."

"အင်း..."

မဟော်က ခေါင်းညိတ်ပြကာ အသံပြုလိုက်ပြီးနောက် ထင်ရှားကို အလေးနက်ကြည့်ကာ ဖြည်းဖြည်းချင်းပြောသည်။

"ငါ့ကိုအခြားတစ်ယောက်နဲ့ Kingကတွဲခိုင်းတာ။DARKကို မင်းကြားဖူးချင်ကြားဖူးလိမ့်မယ်..။သူကDARKရဲ့ခေါင်းဆောင်ပဲ။သူဘယ်သူဖြစ်မယ်လို့ မင်းထင်လဲ"

"ပတ်တီးနဲ့တစ်ယောက်..."

ချက်ချင်းကို အတိကျကြီး ပြန်ဖြေလာတဲ့ ထင်ရှားကြောင့် မဟော်ဒီတစ်ခေါက်တော့ တကယ်ကြီးအံ့သြသွားသည်။

"မင်း ဘယ်လို သိတာလဲ..."

တကယ်တော့ ထင်ရှားအစကတည်းက ရိပ်မိထားတာ နည်းနည်းရှိသည်။မသေချာပေမယ့်လည်း သူခန့်မှန်းမိထားတာက လုံးဝဖြစ်နိုင်ချေမရှိတာမျိုးတော့ ဟုတ်မနေ။

Kingကပတ်တီးနဲ့တစ်ယောက်မှန်း ဘယ်လိုသိသွားလဲဆိုတာက ရိုးရှင်းသည်။

သေချာစဥ်းစားကြည့်ရင် ဟန်မဟော်ရှိန်းလိုကောင်ကို ဦးမြတ်မဟော်တောင် ထိန်းသိမ်းမနိုင်တာ။တစ်ခုခုနဲ့ခြိမ်းခြောက်ထားတယ်လို့ တွေးရအောင်လည်း ဟန်မဟော်ရှိန်းပုံစံက အဲ့လိုမဟုတ်သေး။

ဖြစ်နိုင်တာက ကျေးဇူးတရားနဲ့ ခိုင်းစေတာပဲ။ဒါဆို ဘယ်လိုပဲတွေးတွေးအဲ့ဒီKingက ဟန်မဟော်ရှိန်းရဲ့အသက်ကို ကယ်ဖူးတဲ့ ပတ်တီးနဲ့တစ်ယောက်ဆိုတာ သေချာသည်။

ဒါပေမယ့်လည်း သူမဟော်ကိုအသေးစိတ် ရှင်းပြချင်စိတ်မရှိပါ။

"မင်းလို ငတုံးမဟုတ်လို့လေ...."

အံ့သြတကြီးမေးလာတဲ့ မဟော်ကို မျက်နှာသေနဲ့ ပြန်ဖြေလိုက်တဲ့ ထင်ရှားရဲ့စကားအဆုံး မဟော်ရဲ့မျက်နှာကဒေါသကြောင့်နီရဲလာကာ မကျေမနပ်နဲ့ ပြောလာတော့သည်။

My lover is not like a gentle (Z+U) (Completed ) Where stories live. Discover now