Part~37(U+Z)

6.4K 466 111
                                    

Uni

ထင်ရှားနဲ့ဝေဟင် အခုလက်ရှိ မိဘမဲ့ဂေဟာတစ်ခုကို ရောက်နေလေသည်။

အကြောင်းရင်းက နှစ်ယောက်သား ပြန်အဆင်ပြေသွား​ကြတဲ့ အထိမ်းမှတ်အနေနဲ့ လိုအပ်တဲ့နေတဲ့နေရာတွေမှာ လှူချင်တယ်ဟု ထင်ရှားက ဆိုလာတာကြောင့်ပင်...။

သူတို့နှစ်ယောက် ထိုဂေဟာကိုရောက်တော့ ဂေဟာမှူးကလာကြိုပေးကာ သူတို့လည်း ထိုဂေဟာမှူးနဲ့ စကားအချို့ပြောနေတုန်း တစ်နေရာအရောက်....။

မြင်လိုက်ရတဲ့ ဆံပင်ရှည်တွေကို အနောက်မှာစည်းနှောင်ထားသော ရင်းနှီးပြီးသား ပုံရိပ်တစ်ခုကြောင့် ထင်ရှားရဲ့ခြေလှမ်းတွေသည် ဆက်မလျှောက်လှမ်းတော့ဘဲ ရပ်တန့်မိလျက်သား...။

ထိုပုံရိပ်လည်း ထင်ရှားတို့ကို မြင်သွားပုံပေါ်ကာ ချက်ချင်းပင် သူတို့မြင်ကွယ်ရာသို့သွားရန် ကြိုးစားလာသည်။

ထိုအခါ ထင်ရှားလည်း ခြေတံရှည်အားကိုးနဲ့ အမြန်လိုက်သွားပြီး ထိုသူရဲ့လည်ဂုတ်နားက အင်္ကျီစကို အနောက်ကနေ လှမ်းဆွဲကာ အမြန်ပင်တားလိုက်လေသည်။

"နေဦး.....လာစမ်း..ဒီကို"

ထင်ရှားက ရုန်းကန်နေသောရှားကို သူ့ဘက်ဆွဲလှည့်ကာ အံကြိတ်သံဖြင့် ဆက်ပြောသည်။

သူ့လေသံက ဆူပူနေပုံရပေမယ့် စိတ်ပူနေတာကလည်း သိသိသာသာပင်..။

"ငါ့ကိုမြင်တာနဲ့ ဘယ်ပြေးဖို့လုပ်နေတာလဲ..။အိမ်လည်းပြန်မလာဘူးဆို...ဘယ်တွေရောက်နေတာလဲ..ရှား။ငါဖုန်းဆက်တော့လည်း မင်းမကိုင်ဘူး...။ပြန်​ရောက်လာပြီးကတည်းက မင်းကိုမြင်ရတဲ့အကြိမ်ရေက လက်တစ်ဖက်နဲ့ ချိုးရေရင်တောင်မပြည့်ဘူးနော်..။"

ထင်ရှားရဲ့အမေးစကားတွေကို ရှားကပြန်မတုံ့ပြန်...။ပြန်ဖြေဖို့ လုံးဝစိတ်ကူးမရှိဘူးလို့ပြောရင် ပိုတိကျလိမ့်မည်...။

ဝေဟင်နဲ့ဂေဟာမှူးလည်း ရှားဆီအမြန်ပြေးသွားသော ထင်ရှားအနားကို ခဏကြာတော့ ရောက်လာကြသည်။
သူတို့ ရောက်လာသည်အထိ ရှားကဘာမှပြန်မဖြေသေး..။

"ကျွန်တော်ခေါ်ထားတာ...။ဘာပြဿနာရှိလို့လဲ"

ရုတ်တရက် ခပ်ပြတ်ပြတ်ပြန်ဖြေလာသော အသံလာရာဆီကို လှမ်းကြည့်လိုက်တော့ တည်တင်းနေတဲ့ မျက်နှာထားနဲ့ ရှားကိုစိုက်ကြည့်နေသော သူရမင်းသန့်ကို တွေ့လိုက်ရလေသည်။

My lover is not like a gentle (Z+U) (Completed ) Where stories live. Discover now