Part~31(Z+U)Warning 🔴

8.5K 433 70
                                    

Uni

Warning:ကြမ်းတမ်းသောအသုံးနှုန်းများနဲ့ သွေးထွက်သံယိုအခန်းများအတွက် ဒီအပိုင်းကိုwarningပေးပါသည်။
group rape အပြင် အခြားစိတ်အနှောက်ယှက်ဖြစ်ဖွယ် အကြောင်းရာများလည်း ပါဝင်သည်။
...............။

ကလေးတွေကိုအဓိကထားပြီး ဖမ်းယူအသုံးချတဲ့အဖွဲ့စည်းတစ်ခု။

ထိုအဖွဲ့မှာ လူ83ယောက်ပါဝင်သည်။ထိုအဖွဲ့မှာ အဓိကအလုပ်နှစ်ခုရှိသည်။ပထမတစ်ခုက ချမ်းသာတဲ့အိမ်ကြီးတွေက ကလေးတွေကို ပြန်ပေးဆွဲပြီးငွေနဲ့ပြန်ရွေးခိုင်းတာ...။

ဒုတိယတစ်ခုက မိဘမဲ့ကလေးတွေနဲ့အခြားပြဿနာတစ်ခုခုကြောင့် လမ်းပေါ်ရောက်နေတဲ့18နှစ်အောက်ကလေးတွေကို ဖမ်းတာ။ထိုကလေးတွေက အသက်မပြည့်သေးရင် ဒီတိုင်းဖမ်းထားပြီး အရွယ်ရောက်မှကလေးအလုပ်သမားအဖြစ် ရောင်းစားကြသည်။အရွယ်ရောက်လာတဲ့ကလေးတွေထဲမှာမှ ကြည့်ကောင်းတဲ့ရုပ်ရည်နဲ့ ကလေးတွေကိုကျတော့ ပြည်တန်ဆာအဖြစ်ရောင်းစားကြသည်။
ပြန်ပေးဆွဲခံလိုက်ရတဲ့ကလေးတစ်ယောက်က ငွေနဲ့ပြန်ရွေးမခံရင်ထိုနေရာကိုအပို့လိုက်ကြမှာအသေချာ။

သူတို့ကထင်ရှားခကြွေကို လမ်းပေါ်ကမိဘမဲ့ကလေးတွေကို ဖမ်းထားတဲ့နေရာဆီ ခေါ်လာကြတာဖြစ်သည်။ထင်ရှားနဲ့အတူ အခြားကလေးတွေလည်း အတူပါလာသေးသည်။

ထင်ရှားတို့ထိုနေရာကိုရောက်တာနဲ့ ညစ်ပတ်နေကာ အနံ့ဆိုးပေါင်းစုံထွက်နေသော အခန်းတစ်ခန်းကို ချက်ချင်းဆွဲခေါ်သွားကြသည်။သူတို့အခန်းထဲရောက်သွားချိန်မှာ သွေးတွေအလိမ်းလိမ်းနဲ့ ညစ်ပတ်ပေရေနေသော အခြားကလေးတွေကို တွေ့လိုက်ရသည်။

ပြီးတော့ ငိုနေတဲ့ကလေးတွေကို ခါးပတ်နဲ့ရိုက်နေတဲ့ သက်လတ်ပိုင်းလူကြီးတွေ။ထိုလူကြီးတွေ မျက်လုံးတွေက ဒေါသကြောင့် ပြူးကျယ်နေပြီး သူတို့မျက်နှာတွေကလည်း ဘီလူးတွေအလား ကြောက်လန့်စရာကောင်းလွန်းလှသည်။

သူတို့ကိုကြောက်လန့်ပြီး သူတို့စကားနားထောင်စေရန် အပြစ်မရှိအပြစ်ရှာကာ အသံနည်းနည်းထွက်တာနဲ့ မညာမတာရိုက်နေကြတာပင်။သူတို့ရဲ့အဓိကရည်ရွယ်ချက်က ကလေးတွေရဲ့စိတ်ထဲအကြောက်တရားဆိုတာကြီးကို ရိုက်သွင်းပြီး လိုရာပုံသွင်းရန်ဖြစ်သည်။

My lover is not like a gentle (Z+U) (Completed ) Unde poveștirile trăiesc. Descoperă acum