Part~9(Z+U)

14.1K 924 88
                                    

Uni

~မဟုတ်မှလွဲရော...ကိုသန့်က ကျွန်တော့်ကိုများ........~

ဝေဟင် အမှန်တိုင်းဝန်ခံရရင် အနည်းငယ်လန့်နေမိသည်။

ကိုယ့်ကို ဘာမှမလုပ်ဘူးဆိုရင်တောင် အနားမှာ မမြင်နိုင်တဲ့ တစ်ယောက်ယောက်က တစ်ချိန်လုံး ကိုယ့်နောက်ကလိုက်ပြီး ကိုယ့်ကိုကြည့်နေတာမျိုးကြီးက လူကိုမသက်မသာဖြစ်စေတာတော့အမှန်....။

ဒါပေမယ့် ထင်ရှားကတော့ အဲဒီအဖြစ်ပျက်ကို လန့်နေဖို့နေနေသာသာ သူက တစ်ခုခု ပြန်မလုပ်လိုက်ရလို့ မကျေမနပ်ဖြစ်နေတဲ့ ပုံတောင်ပေါ်နေသေးသည်။

ဝေဟင်အမှန် သိချင်လာမိသည်။
ဘာလို့ ဒီလောက်တောင် အေးအေးဆေးဆေး နေနိုင်သေးတာလဲ...။

"ထင်ရှား မင်းမလန့်ဘူးလား..."

ထင်ရှားက မြင်ရတာ အနည်းငယ်မသဲမကွဲဖြစ်လာပြီဖြစ်သော နေဝင်ချိန်မှာတောင် မြင်ရတာတစ်မျိုးဆန်းသစ်နေသော မှုန်ဝါးဝါး ချောမောခန့်ညားမှုနဲ့အတူ စိတ်အလိုမကျစွာ ပြန်ဖြေလာသည်။

"စိတ်ထဲ ကသိကအောင့်ဖြစ်ရုံပဲ..."

သူကလမ်းလျှောက်နေတာ ခဏရပ်လိုက်ပြီး ဝေဟင်ကို စောင်းငဲ့ကြည့်လာကာ.....

"ကျွန်တော်ငယ်ငယ်တုန်းက မြင်ရတဲ့အန္တရာယ်တွေကို အများကြီးကြုံခဲ့ဖူးတယ်....ထူးပြီးလန့်မနေတော့ဘူး..."

ထိုစကားကြောင့် ဝေဟင် အံ့သြသွားတာတော့အမှန်...။ကြည့်ရတာ ထင်ရှားငယ်ဘဝမှာလည်း သူ့လိုမျိုး မေ့ပစ်သင့်တဲ့ အတိတ်တစ်ခုရှိနေခဲ့ပုံ။

ထင်ရှားက ဘယ်အခြေနေမျိုးမှာမဆို တည်ငြိမ်ပြီး မာန်မာနအပြည့်နဲ့တည်ရှိနေစမြဲ...။သူက အဲ့လိုအရာတွေကို ကြုံရတာများလို့ ရိုးအီနေသလိုမျိုးတောင် ဖြစ်နေသည်။

"လူတွေက ကျွန်တော်အခုလိုပုံစံဖြစ်နေတာ ငယ်ငယ်ကတည်းက အစွမ်းကုန်အလိုလိုက်ခံထားရတဲ့ ဆက်ခံသူ သခင်လေးတစ်ယောက် ဖြစ်နေလို့ ဆိုပြီး ထင်ကြတာ...."

ထင်ရှားက သူ့စကားကို ခဏရပ်လိုက်ကာ ဝေဟင်ကို မျက်နှာချင်းဆိုင်ပြီး တစ်လုံးချင်း ဆက်ပြောသည်။

My lover is not like a gentle (Z+U) (Completed ) Where stories live. Discover now