Part~8(Z+U)

14.7K 938 135
                                    

Uni

~ကောင်လေးကြောင့်တော့ ရူးတော့မှာပဲ...~

နှစ်ယောက်သား ခဏလောက် တိတ်ဆိတ်နေပြီးနောက်မှာတော့.....။

အခန်းထဲက ဘာမှန်းမသိသော အရာကြီးသည် အငိုရပ်သွားကာ ဝမ်းနည်းစရာကောင်းသလို ကြက်သီးထဖွယ်ရာလည်းကောင်းတဲ့ အသံနက်ကြီးဖြင့် ဆွဲဆွဲငင်ငင်ပြောလာ..တော့..သည်..။

"မကြား..ကြ..ဘူးလား.....တစ်.ယောက်မှ...မကြား...ကြ.ဘူး..လား...."

ထိုအသံကြီး သူ့ကိုတုံ့ပြန်တဲ့လူမရှိတော့ ဒေါသတွေစွက်လာကာ အော်လိုက်တာကြီးက စူးစူးဝါးဝါး။

"ဘာလို့..တစ်ယောက်မှ..မကြားကြရတာလဲ!!!....ငါ.အကူညီ....တောင်းနေတာကို!!!!... ဘာလို့...တစ်ယောက်မှ..မကြားကြရတာလဲ!!!!..."

"......."

ဝေဟင် အသက်ပြင်းပြင်းပင်လမရှူရဲ....။သူကိုယ်တိုင်တောင်သတိမထားမိဘဲ အသက်အောင့်လိုက်မိသည်။

ထိုအခိုက်တန့်တွင် ထင်ရှားက သူ့ကိုသိုင်းဖက်လာကာ သူ့ပုခုံးခေါ် ခေါင်းတင်လာတော့သည်။

ကြည့်ရတာ ကြောက်နေတဲ့ပုံ....။ဝေဟင်လည်း သူ့ကိုသိုင်းဖက်လာသော လက်နှစ်ဖက်ကို ပြန်ကိုင်ထားပေးလိုက်သည်။မကြောက်နဲ့ဆိုတဲ့သဘော....။

အမှန်ကြောက်မကြောက်ကတော့ ဘယ်သူသိမှာလဲ...။

စူးစူးဝါးဝါး ဆွဲငင်ကာ အော်ပြီးနောက်မှာတော့ အသံပိုင်ရှင်သည် အရမ်းကိုစိတ်ထိခိုက်သွားပုံရကာ ဝမ်းနည်းဖွယ် ငိုကာ ပြောလာသည်။

သို့သော် ထိုအသံကြီးက ပိုတောင်ခြောက်ခြား စရာကောင်းပြီး ကြားရတဲ့လူအတွက်တော့ တော်တော်လေး မသက်သာပါ။

"နာ...တယ်....ငါ့အရိုး...တွေ....ငါ့...အ..ရိုးတွေ...အချိုး...ခံ.နေ...ရ.တာ.....ကူညီ...ကြ..ပါ...."

"........"

ထိုအရာကြီးက ပြောလည်းပြော ကြမ်းပြင်ကို လက်သည်းနဲ့ အဆက်မပြတ် ကုတ်ခြစ်နေတာကြောင့် လက်သည်းနဲ့ ကြမ်းပြင်ခြစ်သံကြီးက တဂျစ်ဂျစ်နဲ့ ကျောချမ်းစရာ....။

ခဏလောက်လုံးဝတိတ်ဆိတ်သွားပြီးနောက်.....

ထိုအရာကြီးရဲ့ ယောကျာ်း၊မိန်းမ ခွဲခြားလို့မရလောက်အောင် အော်လာတာကြီးက ကြက်သီးတဖြန်းဖြန်းထကာ နားပါပိတ်လိုက်ရအောင် ဆိုးဆိုးဝါးဝါး...။

My lover is not like a gentle (Z+U) (Completed ) Where stories live. Discover now