Part~12(Z+U)

13K 872 80
                                    

Uni

မင်းသွင်ခန့် မဟော်ကိုကြည့်နေတုန်း အခန်းမီးကို တစ်ယောက်ယောက် ပိတ်လိုက်တာကြောင့် အခန်းတစ်ခုလုံး အမှောင်ကျသွားသည်။

ထို့နောက် အမှောင်ထဲမှ လူတစ်ယောက်ထွက်လာသည်။ထိုလူက အခန်းတံခါးကို သွားဖွင့်လိုက်ပြီး...

"ဒီမှာ ဘယ်သူမှမရှိဘူး နောက်ပြောင်ပြီးဖုန်းခေါ်တာ..."

ထိုလူက DARKမှန်းသိသွားသောအခါ သတင်းပေးလို့ လာစစ်ဆေးသော ရဲတွေသည် သံသယလုံးဝမဝင်ဘဲ ချွင်းချက်မဲ့ ယုံသွားကြသည်။

"ဒီမအေ...."

သူတို့က ဖုန်းခေါ်လိုက်သောလူကို ဆဲဆိုလိုက်ချင်ပေမယ့်လည်း အရှေ့ကလူက DARKဖြစ်နေသောအခါ DARK ရှေ့မှာ မဆဲဆိုရဲတာကြောင့် ဒေါသတွေကို ချိုးနှိမ်လိုက်ရသည်..။

"ခွင့်ပြုပါဦး..."

DARKက ခေါင်းညိတ်ပြလိုက်တော့ ရဲတွေလည်း ထွက်ခွာသွားကြတော့သည်။

ဘာမှမမြင်ရတဲ့ အမှောင်ထုကြောင့် မင်းသွင်ခန့်တစ်ယောက် လက်ဖျားတွေ အေးစက်လာသည်။သူမကောင်းတဲ့လုပ်ရပ်ကို မျက်ကွယ်ပြုမိလို့ ချက်ချင်းလက်ငင်း အပြစ်ပေးခံနေရတာလားမသိ...။

အမှောင်ထဲကလူက လူကောင်းမဟုတ်ရင် အဲ့ဒါကမှ တကယ်ဒုက္ခရောက်စေမှာ...။အဲ့ဒီအစား ရဲတွေနဲ့သာ အေးအေးဆေးဆေး တွေ့ချင်သွားပါသည်။

မဟော်က ရဲတွေထွက်သွားတာ သေချာမှ အခန်းမီးကို ပြန်သွားဖွင့်လိုက်သည်။

အခန်းမီးပြန်လင်းသွားတော့ မင်းသွင်ခန့် အမှောင်ထဲမှ ထွက်လာသောသူပုံစံကို သဲသဲကွဲကွဲမြင်လိုက်ရသည်။

ထိုလူက လည်ပင်းကိုပါဖုံးစေသော အဝတ်စားတွေဝတ်ထားကာ မျက်နှာကိုတောင် သဲသဲကွဲကွဲမမြင်ရသော အနက်ရောင် ခေါင်းစွပ်ကိုပါသော အပြင်ဝတ်ကိုပါ ဝတ်ထားသေးသည်။ထို့အပြင် သူ့လက်တွေကိုလည်း လက်အိတ်စွပ်ထားတာကြောင့် ထိုလူရဲ့အသားရေ၊ဆံပင်အရောင်၊မျက်နှာပုံသဏ္ဍာန် ဘာတစ်ခုကိုမှမမြင်ရ...။အတော်လေးရှည်သော အရပ်ကိုသာ ထိုလူနဲ့ပတ်သက်ပြီး မြင်ရသည်။

My lover is not like a gentle (Z+U) (Completed ) Where stories live. Discover now