Part~18(U+Z)

11.5K 811 133
                                    

Uni

မြူနှင်းသန့်ကို ထင်ရှား ချိန်းခဲ့သောနေရာသည် hotelတစ်ခုဖြစ်ကာ မြို့ပြင်ရောက်ဖို့ အနည်းငယ်သာ လိုသောနေရာတွင် ဖြစ်သည်။

Hotelတစ်ခု ဖြစ်နေလို့ မြူနှင်းသန့် မသွားချင်ပါ...။တကယ်လို့ ထင်ရှားကသာ သူ့ကိုမဟုတ်တာလုပ်ဖို့ ကြံလာရင် သူလက်ခံနိုင်မည် မဟုတ်ပါ...။ဒါပေမယ့်လည်း ထင်ရှားက သူ့ဆန္ဒမပါဘဲ လုပ်မှာမဟုတ်ဘူး ဆိုတာလည်း သိနေသည်။

နာမည်ကြီး ထိပ်တန်းမင်းသား တစ်ယောက်ဖြစ်လို့ ဆင်ခြင်မယ်လို့ သူယုံသည်။

တကယ်ဆို သူ့အပေါ်သာ စိတ်ပါမလာရင် ကိုကို့ကို လစ်လျူရှုပြီး သူ့ကိုယုံကြည့်နေမှာမဟုတ်ဘူးလေ...။ကိုယ်လက်ထပ်မယ့် လူထက် ပိုဦးစားပေးနေမှာလည်း မဟုတ်...။ဒီအချက်တွေက ထင်ရှားက သူ့စိတ်ဝင်စားနေတာဆိုပြီး သူ့ကို ယုံကြည်မှု တိုးလာစေသည်။

မြူနှင်းသန့် ချိန်းထားသော အခန်းရှေ့ရောက်တော့ အသက်ခပ်ပြင်းပြင်းရှူကာ တံခါးခေါက်လိုက်သည်။ဒီအခွင့်ရေးကိုသာ သေသေချာချာ အသုံးချနိုင်ရင် ထပ်ယှဥ်ပြိုင်စရာမလိုဘဲ အစ်ကိုဖြစ်သူကို တစ်ဘဝလုံးနိုင်ပြီ...။

"ရှင်က ဒီကိုဘယ်လိုလုပ်ပြီးရောက်နေတာလဲ"

တံခါးလာဖွင့်သူသည်...ကောင်းဆက်သွင်ဖြစ်နေတဲ့အခါ မြူနှင်းသန့် အံ့သြလွန်းစွာ မေးခွန်းထုတ်မိသည်။

"ငါကမင်းကိုမေးရမှာပါ...မြူနှင်းသန့်..."

ကောင်းဆက်သွင်က ခန့်မင်းလွင်က အဲ့ဒီတုန်းကကိစ္စနဲ့ ပတ်သက်ပြီး အမှန်တိုင်းပြောလိုက်မည်ဆိုပြီး လုပ်နေတာကြောင့် တွေ့ရန်ချိန်းထားခြင်းဖြစ်သည်။

ရောက်လာသူက မြူနှင်းသန့်ဖြစ်နေတော့ သူ့စိတ်ထဲ ထူးဆန်းသွားသည်။

မှတ်လောက်သားလောက်အောင် ရိုက်နှက်မယ်လို့ တွေးပြီးလာခဲ့တာ...။မဟုတ်မှလွဲရော မြူနှင်းသန့်ဆိုတဲ့ အကျင့်မကောင်းတဲ့မိန်းမနဲ့ အတူတူပူးပေါင်းနေကြတာများလား....။မြို့ထဲမှာ မျက်နှာမပြရဲလောက်အောင်အပြစ်ပြောခံနေရလို့ သူ့ကိုပါ ဆွဲချဖို့ ပူးပေါင်းလိုက်တာလည်း ဖြစ်နိုင်တာပဲ....။

My lover is not like a gentle (Z+U) (Completed ) Where stories live. Discover now