intro

54.5K 1.7K 134
                                    

Uni
——

တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်နေတယ်။

ဒါက ဝေဟင် နှိုးလာတာနဲ့ ခံစားလိုက်ရတဲ့ ခံစားချက်ပဲ။ခန္ဓာကိုယ် အောက်ပိုင်းတစ်ခုလုံးက ထုံကျင်နေပြီး သူ့ခြေထောက်က ကြွက်သားတွေ တုံ့ပြန်မှုမရှိတော့ဘူးလို့တောင် ထင်နေရသည်။

အာခေါင်ကလည်း တော်တော်ခြောက်နေကာ လည်ပင်းကြွက်သားတွေနာနေပုံက လည်ပင်းညစ်ခံခဲ့ရသလိုပဲ။

ဘာတွေ ဖြစ်သွားတာလဲ။

ညတုန်းက dinner စားပွဲမှာ သူအရက်သောက်ခဲ့တာတော့ သိနေသေးသည်။အရက်သောက်ပြီးတော့ ဘာဆက်ဖြစ်သွားတာလဲ။ဘယ်လို အိပ်ယာပေါ်ရောက်ခဲ့တာလဲဆိုတာ နည်းနည်းလေးတောင် ပြန်တွေးမရ။

ရန်ဖြစ်ခဲ့တာများလား....။ဒီလောက်နာကျင်နေရင် ဆေးရုံရောက်နေရမှာ မဟုတ်ဘူးလား။

"အဟင့်....ဟင့်..."

ဘာသံလဲ။ဝေဟင် အဖြစ်ပျက်တွေကို ပြန်တွေးနေတုန်း ဘေးနားကနေ ရှိုက်သံကြောင့် လန့်ဖြန့်သွားကာ ဘေးကိုချက်ချင်း လှည့်ကြည့်လိုက်မိသည်။

"အမ​လေး!"

မြင်လိုက်ရတဲ့ နီရဲရဲမျက်လုံးတွေနဲ့ အံကြိတ်ထားတဲ့ မေးရိုးထင်းထင်းတွေကြောင့် သူ့မှာလိပ်ပြာတွေ၊လိပ်နီတွေ ဘယ်အရပ်ဒေသ လွင့်ရမလဲတောင် မသိတော့။

"ထင်ရှား!"

ထင်ရှားခကြွေဆိုတာ နာမည်ကြီးထိပ်တန်းသရုပ်ဆောင် မင်းသားတစ်ယောက်။ဝေဟင် တစ်ဖက်သက် ချစ်နေရတဲ့ သူဆိုလည်းမမှားပါ..။

အရပ်က 6ပေ 2လက်မထက်တောင် ကျော်လွန်နေသေးသည်။

ထင်ရှားက ဝမ်းနည်းနေမှန်းသိသာလှသော မျက်လုံးနီနီတွေနဲ့သာ ဝေဟင်ကို ငေးကြောင်ကာ ကြည့်နေသည်။

ထင်ရှားက ခန္ဓာကိုယ် အလယ်ပိုင်းကိုသာ စောင်လုံအောင်ခြုံထားပြီး ကျစ်လစ်နေသော ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ ရှည်သွယ်လှသော ခြေတံတွေကိုတော့ အတိုင်းသားမြင်နေရသည်။

ဝေဟင် ထင်ရှား ခန္ဓာကိုယ်ကို ကြည့်နေရင်း မျက်နှာတွေ ပူလာတာကြောင့် လုံခြုံအောင် အတင်းဖုံးပေးလိုက်သည်။

My lover is not like a gentle (Z+U) (Completed ) Where stories live. Discover now