Part~32(Z+U)

6.6K 446 62
                                    

Uni

ထင်ရှားက မဟော်ပြောပြနေတဲ့ အဲ့ဒီနှစ်တွေတုန်းက အကြောင်းတွေကို ငြိမ်သက်စွာနားထောင်နေသည်။

အတန်ကြာသည်အထိ တိတ်ဆိတ်နေပြီးမှ သူကစကားစပြောသည်။

"အဲ့တော့...ငါတို့ပြန်ပေးဆွဲခံလိုက်ရတယ်..။ပြီးတော့ငါကအခြားတစ်နေရာကို ရောက်သွားပြီး.ကျန်ခဲ့တဲ့မင်းက ပတ်တီးနဲ့တစ်ယောက် လာကယ်တာကိုခံလိုက်ရတယ်ပေါ့"

"အင်း...။မင်းကိုလည်း သူပဲကယ်ခဲ့တာနေမှာ..."

မဟော်က ထင်ရှားရဲ့အမေးကို ခေါင်းညိတ်ပြီး ပြန်ဖြေသည်။

အဲ့ဒီနောက်ပိုင်း သူကKingနောက်လျှောက်လိုက်နေတယ် ဆိုတဲ့အကြောင်းကိုတော့ သူမပြောမိ။Kingအကြောင်းကို မဆင်မခြင်ဘဲ သူပြောမိလိုက်လို့မဖြစ်ဘူးလေ။

အိမ်ထဲကခိုးထွက်ပြီး Kingနဲ့တွေ့ဖို့က သူ့အတွက် လွယ်လွန်းသည်။ဘာလို့လဲ ဆို​တော့ Kingက သူတက်တဲ့မူလတန်းကျောင်းနဲ့ နီးနီးလေးမှာနေတာလေ။

အခုတော့ DARKကိုပြောင်းသွားပြီဆိုပေမယ့်လည်း သူအားရင်Kingဆီကိုသွားတုန်းပဲ။

Kingနဲ့ပတ်သက်ပြီး ဘာမှမပြောမိစေရန် ကိုယ့်ကိုကိုယ်ထိန်းနေတုန်း ထင်ရှားကထပ်မေးလာသည်။

"မင်းကိုမကယ်ခဲ့လို့...မင်းဒယ်ဒီကိုမုန်းတာလား..."

"ငါ့ဒယ်ဒီကို ငါမမုန်းဘူး။သူ့ရည်မှန်းချက်ကိုမုန်းတာ။ငယ်သေးတော့ငါအသေးစိတ် မမှတ်မိတော့ပေမယ့် ငါအိမ်ပြန်ရောက်ချိန်မှာ မာမီကဆုံးသွားပြီ..။အိမ်မှာ ငါ့ကိုရှာဖို့လုံးဝစိတ်မဝင်စားဘဲ အခြားအလုပ်တွေနဲ့ရှုပ်နေတဲ့ ဒယ်ဒီပဲကျန်ခဲ့တယ်.။သူက ဒီမြို့ရဲ့အာဏာအကြီးဆုံးလူဖြစ်ဖို့ကလွဲပြီး ဘာမှစိတ်ဝင်စားတာမဟုတ်ဘူး...။မာမီ့ကိုရော၊ငါ့ကိုရော သူလစ်လျူရှုနိုင်တယ် "

မဟော်က စကားခဏရပ်လိုက်ကာ သက်ပြင်းချပြီးမှ ဆက်ပြောသည်။

"အဲ့ဒါကြောင့် သူအရမ်းမက်တဲ့အဲ့ဒီနေရာကို မရောက်နိုင်အောင် တစ်စစီဖျက်စီးပစ်ချင်ခဲ့တာ..။"

မဟော်စကားတွေကို နားထောင်ပြီး ထင်ရှားတစ်ခုခုကို ခန့်မှန်းမိသွားသည်။မဟော်ရဲ့မာမီက ဦးမြတ်မဟော်လိုမျိုး သားသမီးကို စိတ်မပူဘဲ နေနိုင်မယ့်လူမျိုးမဟုတ်။ဒါကြောင့် မဟော်ရဲ့စိတ်နဲ့ ဆုံးပါးသွားဖို့ ဖြစ်နိုင်ချေများသည်။

My lover is not like a gentle (Z+U) (Completed ) Where stories live. Discover now