Part~28(U+Z)

7.1K 496 92
                                    

Uni

ထင်ရှားခကြွေ မျက်လုံးဖွင့်လိုက်ချိန် ပထမဆုံး မြင်လိုက်ရတာက အဖြူရောင် မျက်နှာကျက်တစ်ခု...။

ထို့နောက် သူ့ကိုကြည့်နေသော nurseတစ်ယောက်..။ခဏနေတော့ ထိုnurseလည်း ထွက်သွားသည်။

သူသက်ပြင်းချလိုက်မိကာ ကုတင်ပေါ်လဲအိပ်နေရာမှ ထထိုင်လိုက်မိသည်။ဆေးရုံရောက်နေတာပဲ..။

"နှိုးလာပြီလား..."

နှိုးလာပြီး ပထမဆုံးကြားလိုက်ရတဲ့အသံက ကောင်လေးဆီကမဟုတ်ဘဲ အစ်ကိုမင်းသွင်ခန့်ဆီမှ ဖြစ်နေတဲ့အခါ ရုတ်တရက် ထထိုင်လိုက်တာကြောင့် မူးသွားသော ခေါင်းကပိုတောင်ဆိုးသွားသလို..။

မင်းသွင်ခန့်က စားပွဲပေါ်မှာ ဖိုင်တွဲတွေနဲ့အလုပ်ရှုပ်နေလေသည်။ဒီရက်တွေအတွင်း သူ့မှာမနားရအောင် အလုပ်ရှုပ်သွားရတာ..။လူနာလာစောင့်ပေးချိန်မှာတောင် နားချိန်မရ၊အလုပ်တစ်ဖက်နဲ့..။ဘဝကအလုပ်နဲ့ ဖူးစာဆုံနေပုံရသည်။

မင်းသွင်ခန့်က ထင်ရှားနှိုးလာတာမြင်တော့ လုပ်လက်စတွေကို ရပ်လိုက်ကာ ထင်ရှားအနား လျှောက်လာရင်း မေးလာသည်။

"မသက်သာတဲ့နေရာရှိသေးလား..."

"ကိုသန့်ရော.."

မေးတဲ့အမေးကို ပြန်မဖြေဘဲ သူ့ကိုတောင် ပြန်မေးလာသော ထင်ရှားကြောင့် မင်းသွင်ခန့် ခပ်နာနာလေး ရိုက်ပစ်ချင်စိတ်တောင်ပေါက်သွားရသည်။

တစ်ညလုံးအဖျားရှိန်နဲ့ သတိလစ်နေပြီး ဒီမနက်ကျမှ နှိုးလာတဲ့လူမို့သာ သည်းခံလိုက်ရတာ..။နေကောင်းသွားရင် ပြန်ကလဲ့စားချေလာမှာ ကြောက်လို့လည်း ပါတာပေါ့..။

"ထင်ရှား...မင်းဘယ်တွေရောက်နေတာလဲ..။မင်းပျောက်သွားတဲ့အတောအတွင်း ဘယ်လောက်စိတ်ပူနေကြလဲသိလား..။ဘာလို့မပြောမဆိုပျောက်သွားရတာလဲ..."

"....."

မင်းသွင်ခန့်အသံက ကျယ်လာတော့ ထင်ရှားရဲ့ခေါင်းတွေတောင် နာလာသလို ခံစားလာရသည်။ထင်ရှားကမျက်မှောင်ကျုံ့လိုက်ပြီး ထိုးကိုက်လာတဲ့နေရာကို ဖိကိုင်လိုက်တာကို မြင်တော့ မင်းသွင်ခန့်လည်း သက်ပြင်းချလိုက်မိသည်။

My lover is not like a gentle (Z+U) (Completed ) Where stories live. Discover now