Lowest Winner

5.7K 219 133
                                    

Uni

ကြိုပြောထားတဲ့အတိုင်း ဒါကDARKနဲ့ပတ်သက်တာတွေပါ။သူ့ရဲ့တာဝန်က ဘာလဲ၊ဘယ်သူ့ဆီမှာအလုပ်လုပ်နေတာလဲ ဆိုတာနဲ့ သူ့မိသားစုအ​ကြောင်း နည်းနည်းပါပါတယ်။
..............။

ဘေးပတ်ပတ်လည် ဘယ်နေရာကိုကြည့်ကြည့် အဖြူရောင်တွေကြီးသုံးထားသော အဆင့်မြင့်အဆောက်အုံကြီးတစ်ခု။

ထိုအဖြူရောင် ပတ်ဝန်းကျင်နဲ့ခြားနားလွန်းစွာပင် အနက်ရောင်အဝတ်စားတွေနဲ့လူတစ်ယောက်သည် အဖြူရောင်မျက်နှာကျက် အမိုးမြင့်အောက်၌ မနှေးလွန်းမမြန်လွန်းသော အရှိန်ဖြင့် လျှောက်လှမ်းနေသည်။

ထိုလူရဲ့ အပေါ်ပိုင်းအဝတ်အစားမှာ လည်ပင်းကိုပါဖုံးထားနိုင်သည့် အနက်ရောင် coatတစ်ခုဖြစ်ပြီး ထို coatပေါ်တွင် ရွှေရောင်အမှတ်အသားအချို့ရှိသည်။ထိုလူဝတ်ထားတဲ့ အနက်ရောင် လက်အိတ်ရှည်က သူရဲ့ရှည်သွယ်တဲ့ လက်ချောင်းတွေကို ပိုမိုပေါ်လွင်စေသည်။သူ့မျက်နှာမှာ Maskတပ်ထားပြီး အရှေ့ဘက်တွင် အနည်းငယ်ရှည်နေသော နက်မှောင်တောက်ပနေတဲ့ ဆံနွယ်ပျော့ပျော့တွေက ထိုသူရဲ့နဖူးနဲ့မျက်လုံးကိုဖုံးထားသည်။ထို့အပြင် ထိုမျက်လုံးကိုလည်း ကြင်လင်နေတဲ့ဖန်သားနဲ့ မျက်မှန်တစ်ခုကိုသုံးပြီး ကာထားသေးသည်။

ထိုလူရဲ့ခြေလှမ်းတွေက မမြန်ပေမယ့်လည်း ရှည်လျားသွယ်လျတဲ့ သူ့ခြေတံတွေကြောင့် ပုံမှန်လူတစ်ယောက် အပြေးသွားနေတဲ့အရှိန်နဲ့ ညီမျှနေသည်။

ပုံမှန်နဲ့ကွဲပြားနေတဲ့ ထိုလူ့ပုံစံကြောင့် အ​ဆောက်အုံထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ လူအချို့လည်း သတိထားမိသွားကာ လှည့်ကြည့်လာကြသည်။သို့သော် ဘယ်သူကမှ ထိုလူအနားမသွားရဲကြ။

အဆောက်ဦးရဲ့ဓာတ်လှေကားကိုသုံးပြီး အမြင့်ဆုံးအထပ်ကို ထိုလူရောက်လာချိန်မှာ ထိုအထပ်တွင် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းနှစ်ယောက်လည်း ထိုလူကိုမြင်သွားလေသည်။

ဝန်ထမ်းနှစ်ယောက်ထဲမှ လုပ်သက်ပိုကြာနေပုံရသော တစ်ယောက်က ထိုလူကိုတွေ့တာနဲ့ မရေမရာဟန်ဖြင့် ရေရွတ်လာသည်။

My lover is not like a gentle (Z+U) (Completed ) Wo Geschichten leben. Entdecke jetzt