Part~35(U+Z)

7K 467 153
                                    

Uni

တိမ်ကင်းစင်တဲ့ကောင်းကင်က ကမ္ဘာမြေကို နေအလင်းရောင်နဲ့ တိုက်ရိုက်ထိတွေ့စေသည်။

နေပူပြင်းမှုကြောင့် ပန်းချီသင်တန်းမှထွက်လာသော မြူနှင်းသန့်မျက်နှာ အလိုမကျမှုတစ်ချို့နဲ့။ပူလောင်ဖူးတဲ့သူမို့၊ပုလောင်နေဆဲလူမို့...။အဲ့ဒီပူလောင်မှုတွေကို မုန်းသည်။

သူသင်တန်းက ထွက်လာတဲ့အချိန် တစ်ယောက်ယောက်ကို လာစောင့်နေတဲ့ပုံမျိုး...လက်ပိုက်လျက် ကားကိုမှီထားကာ smartကျတဲ့ ကိုယ်နေဟန်ထားနဲ့ ရပ်နေသော တစ်စုံတစ်ယောက်ကြောင့် သူ့စိတ်ထဲအံ့သြသွားရသည်။

အံသြစိတ်နဲ့အတူ လှမ်းလက်စခြေလှမ်းတွေကလည်း ရပ်တန့်မိပြီးသား။

"ထင်ရှား!...."

မြူနှင်းသန့်က အံအားသင့်နေတဲ့လေသံနဲ့ ခေါ်လိုက်တော့ ထင်ရှားက ကားကိုမှီထားရာမှ မတ်မတ်ပြန်ရပ်လိုက်ကာ တည်ငြိမ်သောလေသံဖြင့် ​​​​ပြောလာသည်။

"မတွေ့တာကြာပြီ......အစ်မ"

နှုတ်ဆက်လာတဲ့ ထင်ရှားခကြွေရဲ့ပုံစံက လေးနက်နေလျက်...။
မြူနှင်းသန့် မျက်မှောင်ပင်ကျုံ့လိုက်မိသည်။
............။

ဝေဟင်အား စော်ကားပြောဆိုနေတဲ့ ပုံရိပ်တွေကို မင်းသွင်ခန့်က ဝန်ထမ်းအချို့အပါအဝင် အရိုက်ခံလိုက်ရတာ မကျေနပ်ဘူးဆိုပြီး လာတိုင်တဲ့ လူတွေကိုပါ ဖွင့်ပြနေသည်။

အဖြေကရှင်းရှင်းလင်းလင်းကြီးကို ပေါ်နေတော့ သူတို့ကို အနိုင်ကျင့်ပါတယ်ဆိုပြီး လာတိုင်တဲ့လူ4ယောက်မှာ ခေါင်းမဖော်ရဲကြတော့။

လူပြတ်ပြီး ဘယ်သူမှသိနိုင်မှာမဟုတ်တဲ့ နေရာကို တမင်ရွေးပြီးမှ ဝေဟင်ကိုစိတ်ဆွခဲ့တာ။

အလုပ်ထဲက အချို့နေရာတွေမှာ စောင့်ကြည့်ရေးကင်မရာတွေ တပ်ထားတာသိပေမယ့် ထပ်တိုးပြီး နေရာလွတ်မကျန် တပ်ထားတယ်ဆိုတာတော့ သူတို့လုံးဝမသိ။

အခုတော့ တကယ်တမ်း ဒုက္ခရောက်တာ သူတို့ပဲဖြစ်သွားရပြီ။

ခေါင်းမဖော်ရဲတော့သလိုမျိုး ငုံ့ထားသောလူတွေနဲ့ အခုမှအကြောင်းစုံသိသွားတဲ့ ဝန်ထမ်းအချို့ကို မင်းသွင်ခန့်က တစ်ချက်ကြည့်လိုက်ပြီး.....

My lover is not like a gentle (Z+U) (Completed ) Where stories live. Discover now