Part~6(Z+U)

14.2K 1K 51
                                    

Uni

~ဘယ်တုန်းက 5နှစ်လောက်ကြီးလို့လဲ 4နှစ်ကျော်လေးကြီးတာကို~

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..."

ဝေဟင်သည် အံ့သြစိတ်ကြောင့် စိတ်မထိန်းနိုင်ဘဲ မေးခွန်းထုတ်လိုက်မိပေမယ့်လည်း သူ့အသံက ပုံမှန်ပြောနေကြလေသံအတိုင်း ဒေါသတွေပါဝင်မနေပါ။

အခြားလူသာဆို ကိုယ်တိုင်အပင်ပန်းခံပြီးလုပ်ထားရတဲ့ပရောဂျက်က သူများဟာcopyထားတာပါဆိုပြီး လာပြောရင် ဒေါသတကြီးပြန်တုံ့ပြန်မှာ ပုံမှန်ပဲ...။

"ဘယ်လိုဖြစ်နိုင်မှာလဲဆိုတာ မင်းဘာကိုဆိုလိုချင်တာလဲ ဝေဟင် မင်းလုပ်ထားတဲ့ပရောဂျက်က သူများဟာကိုcopyထားတာလေ..."

"ကျွန်တော် ဘယ်တုန်းကမှ အဲ့လို မလုပ်ဖူးဘူး.."

ဝေဟင် အလေးနက်ပြောလိုက်ပေမယ့် ထိုလူက ဂရုမစိုက်ဘဲ သူထင်တာကိုသာဆက်ပြောနေသည်။

"ဒါပေမယ့် ဒီပရောဂျက်ကို သူများ ကုမ္ပဏီက အရင်အကောင်ထည်ဖော်လိုက်ပြီလေ မင်းကဘာငြင်းချင်သေးလို့လဲ..မင်းcopyထားတာမဟုတ်ဘူးဆိုရင် အရင်အကောင်ထည်ဖော်လိုက်တဲ့ သူတို့က copyထားတာလား...ဖြစ်နိုင်တာကိုပြော..ဝေဟင်"

ဝေဟင် မခံမရပ်နိုင်ဖြစ်လာမိသည်။

ဘဝမှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တစ်ချို့ကြောင့် သူဒီလိုလုပ်ရပ်မျိုးကို တကယ်မုန်းတာ.....။

"ကျွန်တော် ထပ်ပြောမယ် ဘယ်တုန်းကမှ သူများဟာ ခိုးကူးတဲ့အလုပ်ကို ကျွန်တော် မလုပ်ဖူးဘူး..ပရောဂျက်အပြီးတင်လိုက်ဖို့ အချိန်၂ရက်လိုသေးတယ် မဟုတ်လား..အဲဒီအချိန်အတွင်း ကျွန်တော် အစကနေပြန်လုပ်ပေးမယ် ဒါဆိုရပြီမဟုတ်လား..."

ဝေဟင်အသံက သိသိသာသာကို ထိန်းချုပ်ထားပုံပေါ်နေသည်။

တစ်ဖက်လူက မယုံကြည်ဟန်နဲ့ တစ်ချက်ကြည့်လာကာ...

"မင်းလုပ်နိုင်ရင်ပေါ့..."

ထိုလူက  ဝေဟင်လုပ်ခဲ့တဲ့ပရောဂျက်တွေကို အတွေ့ကြုံပိုရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့ အကောင်ထည်ဖော်လုပ်ဆောင်ကာ နေရာဝင်ယူနေတဲ့လူဖြစ်သည်။

My lover is not like a gentle (Z+U) (Completed ) Where stories live. Discover now