Part~22(U+Z)

9.7K 656 138
                                    

Uni

အခန်းထဲကထွက်ဖို့ ပြင်နေသောမင်းသန့်က ရှားရဲ့စကားကြောင့် မျက်မှောင်ကျုံ့ကာ ပြန်လှည့်ကြည့်လာသည်။

"ဘာပြောချင်တာလဲ..."

အဲ့ဒီလူ...။ဘယ်လိုလုပ်ပြီးတော့များ...။အဲ့ဒီတုန်းက သူအရမ်းသိသာခဲ့လို့လား။

ရှားကကုတင်ပေါ်မှ ဆင်းလာကာ မင်းသန့်အနားကို လျှောက်လာပြီး အညာတာမရှိတဲ့​ လေသံနဲ့ ထပ်ပြောသည်။

"လူတစ်ယောက်ကလူတစ်ယောက်ကိုချစ်တာ အမှားမဟုတ်ဘူး...ဒါပေမယ့်.မချစ်သင့်တော့တဲ့လူဆိုတာရှိတယ် မင်းအဲ့ဒီလူအပေါ်မှာ ခံစားချက်တွေဆက်ရှိနေလို့မရတော့ဘူး"

"ခင်ဗျား အလုပ်မဟုတ်ဘူး ..."

မင်းသန့်က ထပ်ပြောစရာစကားမရှိတော့ဘူးဆိုတဲ့ပုံမျိုးနဲ့ ပြန်ပြောလိုက်ကာ အခန်းထဲမှလှည့်ထွက်ဖို့ပြင်လိုက်စဥ် ရှားကချက်ချင်းပြန်လှမ်းဆွဲပြီး သူတို့ခန္ဓာကိုယ်နှစ်ခုကို နီးကပ်သွားစေသည်။

အရပ်ချင်းကွာခြားလွန်းတာမို့ မင်းသန့်မျက်ခုံးတွေတွန့်ချိုးကာ မကြည်လင်သောမျက်နှာဖြင့် ရှားရဲ့မျက်နှာလှလှလေးကို မော့ကြည့်မိတော့ သူ့ကိုအေးစက်စွာ ပြန်ငုံ့ကြည့်နေတာနဲ့ ဆုံသည်။

"ဒါဆိုမင်းက လက်ထပ်ပြီးသားလူတစ်ယောက်ကို စိတ်ထဲက ပြစ်မှားနေဦးမှာပေါ့...အဲ့ဒါက ငါဝင်မပါသင့်တဲ့ မင်းအလုပ်လား..."

စကားပြောတဲ့လေသံ။ပြောလိုက်တဲ့စကားလုံး။ပြောလိုက်တဲ့မျက်နှာအမူရာ။
အဲ့ဒီအရာတွေထဲမှာ ညာတာ၊ထောက်ထားမှုတွေကိုရှာမရ။အထင်သေးမှုတွေကိုသာ တစ်စွန်းတစ်စ ပြန့်ကျဲလျက်M

"ကိုရှား....ခင်ဗျား!!.."

မင်းသန့်ရဲ့ အံ့ကြိတ်သံအဆုံးမှာ ရှားကခနဲ့ဟန်တစ်ချက်ပြုံးကာ ခုနက ဆွဲကိုင်ထားသော မင်းသန့်ရဲ့လက်ကို ပြန်လွတ်ပေးပြီး မင်းသန့်ရဲ့ပုံစံကို စိုက်ကြည့်နေသည်။

မင်းသန့်ရဲ့မျက်လုံးတွေက အောင့်သက်သက်ဖြစ်လာသောနှလုံးသားကြောင့် တုန်လှုပ်နေကာ မျက်ရည်တွေပင် ဝဲတက်လာလုနီးပါး။

My lover is not like a gentle (Z+U) (Completed ) حيث تعيش القصص. اكتشف الآن