Extra-1(U+Z)

2.1K 131 120
                                    

                      Family Ship

Uni

"ငါထင်သားပဲ...တစ်မျိုးလုံးကို ဒီအိမ်ပေါ်ခေါ်လာမယ်လို့ ကြည့်ပါလား..."

အခန်းပြင်ရောက်နေတုန်း ကြားလိုက်ရတဲ့ စကားသံတွေကြောင့် အခန်းတံခါးဖွင့်ကာ ဝင်ရန်ပြင်နေသော မြူနှင်းသန့်ရဲ့ ခြေလှမ်းတွေက ရပ်လျက်သား...။

တစ်ချိန်တည်းမှာပင် သူသက်ပြင်းခပ်သာသာချလိုက်မိသည်။

ဒီအိမ်မှာမနေခင်ကတည်းက ဒီလိုမျိုးတွေ ဖြစ်လာလောက်မှာကို ကြိုတွေးမိပြီးသား။

ရုတ်တရက်ကြီးပေါ်လာသော အဖေရင်းဆိုတဲ့လူ ထောင်ကျသွားပြီးတော့ ဦးမင်းထင်ရှားက သူ့ကိုဒီအိမ်မှာလာနေရန် ဖိတ်ခေါ်ခဲ့သည်။သူ့အနေနဲ့ငြင်းဆန်ရန် ကြိုးစားခဲ့ပေမယ့် ထင်ရှားနဲ့ကိုကိုကပါ ဒီမှာအတူလာနေပေးမယ်ဆိုတာကြောင့် သူမငြင်းဆန်ချင်တော့။

ကိုကို့အပေါ်စွဲလမ်းမှုတွေကြောင့် မျက်နှာချင်းဆိုင်ဖို့မဝံ့ရဲလို့ ရှောင်နေခဲ့တဲ့ အချိန်တွေ၊အကြိမ်အရေတွက်တွေက ဘယ်လောက်တောင်များလဲ။သူထပ်မရှောင်ချင်တော့။ပြီးတော့ ကိုကို့အပေါ်တကယ်အားနာရင် ဒီလိုရှောင်ဖယ်နေတာမျိုးက ပြီးပြည့်စုံတဲ့ အားနာမှုတစ်ခုမဟုတ်ဘူးလေ။တတ်နိုင်သလောက် အကူညီလည်းပေးရဦးမှာပေါ့။

ဒါက ဦးမင်းထင်ရှားအိမ်မှာ လာနေရတဲ့ သူ့ရဲ့ အကြောင်းပြချက်ပဲ။

ဒါပေမယ့် အခြားသူတွေ သူ့ကိုမြင်ကြမယ့် အမြင်ကို ထည့်မတွက်ဘဲ လာခဲ့တာတော့မဟုတ်။သူကထည့်တွက်ခဲ့လျက်သားနဲ့ ဂရုမစိုက်ဘဲ လစ်လျုရှုပစ်လိုက်ရုံသာ။

"ရုပ်ကိုက မသိရင် ဒီအိမ်ကိုသူပိုင်သလိုလိုနဲ့...သူ့အစ်ကိုကျတော့လည်း ရိုးသားယောင်ဆောင်ပြီး ရုပ်ကလေးဗန်းပြပြီးတော့ သူလိုချင်တာအကုန်ရအောင် လုပ်ယူနေတာလေ..."

အခန်းထဲက ထပ်မံထွက်လာသောစကားသံအဆုံးမှာတော့ မြူနှင်းသန့်ရဲ့ အသက်ရှူသံက ချို့ယွင်းသွားပြီး တစ်ကိုယ်လုံးတောင့်တင်းသွားရသည်။

ဘယ်သူ့ကို ရိုးသားချင်ယောင်ဆောင်တယ်ဆိုပြီး ပြောလိုက်တာလဲ။သူတောင် အနိုင်မကျင့်ရက်တော့တဲ့ လူရိုးလေးကို....ဒီလိုဟာတွေက...။

My lover is not like a gentle (Z+U) (Completed ) Where stories live. Discover now