Part~3(Z+U)

17.7K 1.1K 67
                                    

Uni

~ကျွန်တော့် ခေါင်းကိုပွတ်ပေး~

တနင်္ဂနွေနေ့တွေက မင်္ဂလာအရှိဆုံးနေ့တွေပဲ။ပင်ပန်းခဲ့သမျှကို ဒီလိုပိတ်ရက်မျိုးမှာ ပပျောက်အောင်နေနိုင်လို့။

လူတိုင်းအတွက်မဟုတ်တောင် သန့်ဝေဟင်ယံ အတွက်တော့ အဲ့ဒါအမှန်ပဲ။တနင်္ဂနွေနေ့ဖြစ်တာကြောင့် အလုပ်မသွားရဘဲ အိမ်မှာနေကာ အေးအေးဆေးဆေး အနားယူရတာကို ဘာနဲ့မှ မလဲလိုက်နိုင်။

အပြင်လည်းမသွားချင်။တစ်ပတ်လုံးလှုပ်လှုပ်ရှားရှား နေခဲ့ရတာဖြစ်လို့ ဒီတစ်ရက်လေးတော့ ဘာမှမလုပ်ဘဲငြိမ်ငြိမ်လေးနေချင်သည်။ဖြစ်နိုင်ရင်အသက်တောင် မရှူချင်ပါ။အဲလောက်ထိကို တိတ်ဆိတ်အေးချမ်းစွာ နေချင်တာ။

အခုလည်းခြံထဲတွင် စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားနဲ့ ငြိမ်ငြိမ်လေးထိုင်ကာ ဖတ်နေသည်။တစ်ခါတလေမှာ ဘဝက စာအုပ်တစ်အုပ်ရှိနေရုံနဲ့လုံလောက်ပါတယ်လေ။

"ကိုကို...."

ရုတ်တရက် ခေါ်သံကြားတော့ စာအုပ်ဖတ်နေရာမှ သူခေါင်းမော့ကာ ကြည့်လိုက်မိသည်။

မြင်လိုက်ရတဲ့ သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးနဲ့ ဖြူဖြူဖွေးဖွေးကောင်လေးကြောင့် ဝေဟင် နှုတ်ခမ်းတွေက အလိုလို ပြုံးမိသွားသည်။

ဒီကောင်လေးက ငယ်ငယ်ကအတိုင်း​ပဲ ။ဘယ်လောက်​ပဲ အသက်ကြီးလာပါစေ ထွားမလာခဲ့။အခုထိ အရပ်က 5ပေ7လက်မကျော်ကျော်လေး...။

"ငယ်လေး....ဝင်လာလေ"

ကောင်လေးက ခြံထဲမဝင်ဘဲ ဝေဟင်ကို ပြုံးကာ ကြည့်နေတော့ ဝေဟင်လည်း ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်ကာ ခုံပေါ်မှထလိုက်ပြီး ခေါ်လိုက်မိသည်။ထိုအခါမှ ကောင်လေးက ခေါင်းညိတ်ပြပြီး ဝေဟင်နား ဖြည်းဖြည်းလေးလျှောက်လာသည်။

"ကျွန်တော် ကြည့်နေတာကြာပြီ ကိုကိုကစာအုပ်ကို အရမ်းစိတ်ဝင်စားနေတော့ ပြန်လှည့်ထွက်သွားဖို့တောင် လုပ်နေတာ"

ပြောနေပုံက တကယ်ကလေးလေး။စကားလုံးတွေက သူဝင်လာတာတောင်သတိမထားမိဘဲ စာအုပ်ကိုပိုစိတ်ဝင်စားနေမိလို့ မကျေမနပ်ဖြစ်နေမှန်းသိသိသာသာ။

My lover is not like a gentle (Z+U) (Completed ) Where stories live. Discover now