Part~17(Z+U)

11.5K 844 106
                                    

Uni

~ကိုသန့်ကျွန်တော့်ကို ယုံလို့ရပါတယ်~

ညနက်သည်အထိ အိမ်ပြန်မလာသေးသော ထင်ရှားကြောင့် ဝေဟင် စိတ်ပူလာသည်။

ဘယ်ချိန်ကတည်းက အပြင်ထွက်သွားမှန်းလည်းမသိရ။ခန့်မင်းလွင်ကြောင့် စိတ်ရှုပ်နေရသည်မို့ ထင်ရှားအိမ်မှာမရှိတော့တာကို အခုမှတောင်သိသည်။

မဟုတ်မှလွဲရော ထင်ရှားက သူ့အကြောင်းကို မြို့ထဲမှာများ....။

ဝေဟင် ဆက်မတွေးချင်တော့ပါ..။ထင်ရှားသိချင်ရင် သူ့ကိုအရင်မေးမှာပေါ့....။ဒါမှမဟုတ် သူ့ကိုမယုံလို့များလား.။

ဝေဟင် အတွေးလွန်နေတုန်း ထင်ရှားရဲ့ကားသံ ကြားလိုက်ရ​တော့ ဝေဟင်အမြန် အိမ်ရှေ့ကို သွားလိုက်မိသည်။

သူအိမ်ရှေ့ကို ရောက်တော့ အိမ်ထဲကိုဝင်လာတဲ့ မကြည်လင်သော မျက်နှာအမူရာနဲ့ ထင်ရှားကိုတွေ့လိုက်ရသည်။

"ထင်ရှား...ဘယ်သွားနေတာလဲ.."

အမေးစကားအဆုံးမှာ ပြန်ကြည့်လာတဲ့ ထင်ရှားရဲ့ မျက်နှာအမူရာက သူစိမ်းဆန်လွန်းစွာ...။လေသံမှာလည်း နွေးထွေးမှုဆိုတာ အစနတောင်ရှာမတွေ့.။

"အပြင်သွားတာ..ဘာလဲ ကျွန်တော်က အပြစ်လုပ်ထားတဲ့လူလို အိမ်ထဲမှာပဲနေနေရမှာလား"

စကားလုံးတွေသည် အေးစက်လွန်းလှတာကြောင့် ဝေဟင် တစ်ကိုယ်လုံးတောင့်ခဲသွားမိသည်။

သူတတ်နိုင်သမျှ စိတ်ကိုရှင်းအောင်ထားလိုက်ကာ...

"အဲ့လို သဘောမျိုး မဟုတ်ပါဘူး...ထင်ရှားက ဧည့်သည်ဆိုတော့"

"ကျွန်တော်က ဧည့်သည်ဆိုတော့ ဘာဖြစ်လဲ အပြင်သွားချင်ရင် ကိုသန့်လိုက်ပို့ပေးမှာလား"

"....."

အပြင်လိုက်ပို့ပေးလို့ မရဲတာကို သိနှင့်နေပြီးသားဆိုတဲ့ အမူရာမျိုးနဲ့ ပြောလာတဲ့ စကားတွေ...။

ထင်ရှားရဲ့ တစိမ်းဆန်မှုသည် ဝေဟင်ကို ပိုတောင်သိမ်ငယ်သွားစေသည်။ခံစားမှုက အဲဒီတုန်းက လူတွေသူ့ကို ရွံရှာစွာကြည့်နေတုန်းက ခံစားချက်အတိုင်း...။

My lover is not like a gentle (Z+U) (Completed ) Where stories live. Discover now