Part~38(U+Z)

6.2K 472 123
                                    

Uni

ငြိမ်သက်သွားသော ထင်ရှားကြောင့် ဦးမင်းကောင်းခန့်လည်း လက်ထဲကတုတ်ကို ပစ်ချလိုက်ကာ သူ့ဆံပင်ကိုသူတစ်ချက်ဆွဖွပစ်လိုက်သည်။

အသက်အရွယ်တစ်ခုရောက်နေပေမယ့်လည်း ခန့်ညားချောမောနေဆဲဖြစ်တဲ့ သူ့ပုံစံက ဘယ်လိုနေနေကြည့်ကောင်းနေတာကတော့ ငြင်းမရ..။

"မင်းသာမွေးမလာခဲ့ရင် ဒီလိုတွေဖြစ်လာစရာ ဘာစောက်ကြောင်းမှ မရှိဘူး....မင်းကိုယ်ဝန်သာဒေစီရှားမှာ မရှိခဲ့ရင် ငါ့ကိုလည်းနွားဇာတ်သွင်းဖို့ ကြိုးစားမှာမဟုတ်ဘူး..ဒါတွေအားလုံးကမင်းကြောင့်...မမွေးခင်ကတည်းက လူတွေကိုဒုက္ခပေးတဲ့ကောင် "

"......"

ဦးမင်းကောင်းခန့်ရဲ့ဒေါသတကြီး အော်ဟစ်ပြောဆိုသံတွေကို ထင်ရှားက ဘာမှပြန်မတုံ့ပြန်လာပါ...။ငုံ့ထားတဲ့ သူ့ခေါင်းမှာ သွေးတွေကဆက်လက်စီးကျနေဆဲ...။

ဦးမင်းကောင်းခန့်က ထင်ရှားဘာမှပြန်မတုံ့ပြန်နိုင်ချိန်မှာ ပိုပြင်းထန်တဲ့ စကားလုံးတွေနဲ့ ထိုးနှက်ရန်ကြိုးစားတော့သည်။

"မင်းမာမီ ဘာလို့သတ်သေသွားလဲသိလား..ငါမိန်းမတကာနဲ့အိပ်နေတာကို မခံနိုင်တော့လို့လေ..မင်းရှေ့တည့်တည့်ကိုခုန်ချသွားတာနော်..မင်းကိုယ်ပေါ်မှာတောင် သွေးတွေစင်သွားသေးတယ်ထင်တယ်..ငယ်သေးတဲ့မင်းက ကြောက်လို့အော်ငိုရုံကလွဲပြီး မင်းမာမီသေသွားတယ်ဆိုတာကိုတောင် နားမလည်တဲ့ပုံပဲ.."

ဦးမင်းကောင်းခန့်က ပြောတာကိုခဏရပ်လိုက်ပြီး လှောင်ရယ်ဟန်တစ်ချက်ရယ်လာကာ ခေါင်းငုံ့ထားတဲ့ ထင်ရှားဆီ ကိုယ်ကိုညွတ်ကိုင်းချလာသည်။

သူ့မျက်နှာမှာ ပြုံးထားတဲ့ လှောင်ပြုံးက ပျောက်ကွယ်မသွားသေး။

"မင်းပြန်ပေးဆွဲခံရပြန်တော့ သမီးဆုံးတာမကြာသေးခင် မြေးကိုပါ ထပ်ဆုံးရှုံးရမယ့် အဖြစ်ကို ကြောက်နေတဲ့ မင်းအဖိုးမျက်နှာကို ကြည့်ပြီး ငါတကယ်အော်ဟစ်ပြီး ရယ်ပစ်ချင်ခဲ့တာ..ကိုယ့်သွေးသားကျတော့ သိတတ်လိုက်ပုံများ ဘယ်လောက်ရွံဖို့ကောင်းလိုက်လဲ"

My lover is not like a gentle (Z+U) (Completed ) Wo Geschichten leben. Entdecke jetzt