Part~16(Z+U)

10.4K 801 69
                                    

Uni

"ဝေဟင်..မင်းညီမ စာစီစာကုံးပြိုင်ပွဲမှာ ပထမရတယ်ဆို သူကအရမ်းတော်တာပဲနော်..."

ပုခုံးပေါ်လက်တင်ကာ ချီးကျူးသလိုလို လှောင်ပြောင်နေသလိုလို မျက်နှာထားနဲ့ပြောနေသော အတန်းဖော်တစ်ယောက်ကို ဝေဟင် ဘာမှပြန်မတုံ့ပြန်လိုက်...။

ဆယ်ကျော်သက်အရွယ်တွေဖြစ်လို့ ဒီအရွယ်မှာ ယောကျာ်းနဲ့မိန်းကလေးကြား စတင်စိတ်ဝင်စားကာ ရင်ခုန်တတ်တဲ့အရွယ်ဖြစ်နေကြပြီ...။

စသလိုလိုနောက်သလိုလိုနဲ့ ပါးစပ်အရသာခံပြီးပြောနေကြတာ ကြုံရပေါင်းလည်းများနေပြီ...။

မြူနှင်းသန့်က ကျောင်းမှာနာမည်ကြီး..။စာတော်တယ်...။စာစီစာကုံး၊ကဗျာ...အဲ့လိုပြိုင်ပွဲတွေမှာ ဝင်ပြိုင်လိုက်ရင် အမြဲပထမ..။

ဒါပေမယ့် အဲ့လိုအရေးသားတွေ၊အကြံဥာဏ်တွေက ဘယ်သူ့အပိုင်တွေလဲ ဘယ်သူကမှ သတိမထားမိကြ။ဒါမှမဟုတ် သတိထားဖို့ သူတို့အတွက် အရေးမပါတာဖြစ်လောက်မည်။

မြူနှင်းသန့်က စာတော်တယ်။ဒါပေမယ့် ကိုယ့်ဘာသာကိုယ် လေ့လာပြီး ရေးသားရတာမျိုးတွေက သူ့ရဲ့အားနည်းချက်ပဲ...။ပြိုင်ပွဲမကျင်းပခင်က သူတို့နှစ်ယောက်လုံး စာစီစာကုံးပြိုင်ပွဲဝင်ပြိုင်ဖို့ ကြိုးစားခဲ့ကြတယ်။

မြူနှင်းသန့်နဲ့ဝေဟင်က တစ်နှစ်သာကွာတာကြောင့် နှစ်ယောက်လုံး အလယ်တန်းကျောင်းသားတွေဖြစ်ကာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရှိကြတယ်။

ပြိုင်ပွဲမတိုင်ခင် ရက်တွေက ဒေါ်မြူနှင်းဝေက နှစ်ယောက်လုံးကို ဝင်ပြိုင်ဖို့ခွင့်ပြုခဲ့ပေမယ့် တကယ့်ပြိုင်ပွဲနေ့လည်းကျရော ဝေဟင်ကို ဝင်ပြိုင်ခွင့်မပေးဘဲ "ဆုမရရင် ရှက်ဖို့ကောင်းတယ် အရှက်မခွဲနဲ့"ဆိုတဲ့အကြောင်းပြချက်နဲ့ ဝင်ပြိုင်ခွင့်မပေးခဲ့ပါ...။

အစက မြူနှင်းသန့်ကိုရော တားခဲ့မယ်ထင်ခဲ့ပေမယ့် တကယ်တမ်းကျတော့ ဝင်ပြိုင်ဖို့ ခွင့်ပြုခဲ့ရုံတင်မဟုတ်ဘူး...ပြိုင်ပွဲအတွက် သူအကြမ်းရေးထားတဲ့ စာစီစာကုံးကိုတောင် မြူနှင်းသန့်ကို ပေးခဲ့သေးသည်။

My lover is not like a gentle (Z+U) (Completed ) Where stories live. Discover now