Part~24(U+Z)

8.3K 541 45
                                    

Uni

​ဆေးရုံမှာ အဲ့နေ့ညက မေမမှီမှိုင်းက မြူနှင်းသန့်ကို အတူနေဖို့ လာခေါ်သွားပေးခဲ့သည်။ဝေဟင်ကိုတော့ အရမ်းကြီးနားမချလိုက်ရပါ။

အခုချိန်မှာ မြူနှင်းသန့်က ဝေဟင်နဲ့လိုက်မနေချင်လောက်ဘူးဆိုတာ ဝေဟင်လည်း သိသည်မို့ သူ့မှာမေမမှီမှိုင်းရဲ့ စကားတွေကို နားဝင်သွားရကာ ညီမဖြစ်သူကို သူငယ်ချင်းဖြစ်သူလက်ထဲ အပ်လိုက်တော့သည်။

မြူနှင်းသန့်က ငြင်းလည်းမငြင်းဆန်...ခန့်မှန်းရခက်တဲ့ မျက်နှာနဲ့ ဝေဟင်ကိုတစ်ချက်ကြည့်ပြီး မေမမှီမှိုင်းအနောက်ကို လိုက်သွားခဲ့သည်။

ထင်ရှားအစက ဒေါ်မြူနှင်းဝေ သေဆုံးတာနဲ့ ပတ်သက်ပြီး သေချာစုံစမ်းဖို့ကလွယ်ကူမယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကျတော့ စျာပနပွဲပြီးသွားသည့်တိုင် သူ့မှာဘာတစ်ခုမှ စုံစမ်းမရခဲ့...။

ပိုဆိုးတာက ဦးမင်းထင်ရှားက ထင်ရှားကို အလုပ်ထဲစဝင်ဖို့ပြောလာတာကြောင့် ထိုကိစ္စကိုပဲအာရုံစိုက်နေလို့မရတော့ပေ။ဒါကြောင့် ထိုကိစ္စကိုစုံစမ်းပေးဖို့အတွက် သောင်ယံနဲ့မြင့်မိုရ်အား အကူညီတောင်းရတော့သည်။
.......။

meeting room တစ်ခု၌...။

ထင်ရှားစ မိတ်ဆက်လိုက်တဲ့ အချိန်မှာ meeting roomက ခဏလောက်တိတ်ဆိတ်သွားကာ ခဏကြာတော့ အခန်းထဲရှိလူတွေက တိုးတိုး၊တိုးတိုးနဲ့ ပြောလာကြသည်။

အခုလက်ရှိ အလုပ်ထဲတွင် ပြဿနာတစ်ခုရှိနေသည်။

ဖြစ်ပုံက အခုတစ်ခေါက် တင်သွင်းလာသည့် ကုန်ကြမ်းပစ္စည်းတွေက အရည်သွေးမမှီတဲ့ ပစ္စည်းတွေဖြစ်နေတာကနေ စလာတာဖြစ်သည်။

ထိုကုန်ကြမ်းတွေကို တင်သွင်းလာတဲ့တစ်ဖက်ကလည်း အမြဲတင်သွင်းနေကြဖြစ်တာကြောင့် မဆင်မခြင်လုပ်ရင်လည်းမိတ်ပျက်သွားနိုင်သည်။

တာဝန်ယူ စစ်ဆေးတဲ့လူကလည်း ထိုကုန်ကြမ်းပစ္စည်းတွေကို သေချာစစ်ဆေးခဲ့သည်ဆိုကာ စစ်ဆေးခဲ့တဲ့အချိန်က အရည်သွေးမမှီတာ မရှိလို့ပြောလာသည်။

ထို့ကြောင့် အဲ့ဒီလူကပဲ လိမ်နေတာဖြစ်ပြီး ထိုပစ္စည်းတွေက စတင်သွင်းလာကတည်းက ပြဿနာရှိနေသည်လား..။ဒါမှမဟုတ် သိုလှောင်ထားရင်းကနေအစားထိုး ခံလိုက်ရတာလားဆိုတာ မေးစရာ ဖြစ်နေသည်။

My lover is not like a gentle (Z+U) (Completed ) Where stories live. Discover now