"နည်းပြ"

ချီရှို့က နှုတ်ဆက်လိုက်သည်။

"ကျွန်တော်နဲ့အတူ ဒါကို ကြည့်ချင်လား။ ဒါက အသူရာအရှင်ကို ဆော့ထားတာ မင်ကျိုးရဲ့ စီရင်စု #1လေ"

နည်းပြလင်းက ခြေလှမ်းများကို ပြင်ဆင်လိုက်ပြီးနောက် ချီရှို့၏အနားသို့ လျှောက်လာကာ ဖန်သားပြင်ကို ငုံ့ကြည့်သည်။

"စီရင်စု အဆင့်သတ်မှတ်ချက် ရတာ ဒီလောက်မြန်လား။ ငါ မှတ်မိတာ မှန်မယ် ဆိုရင် မင်းမှာ အနည်းဆုံး တိုက်ပွဲဝင် စွမ်းအား 7000 ကျော် ရှိမှ ဒီဘုတ်စာရင်းဝင်မှာလေ။ အနည်းဆုံး ဂိမ်း၄၀ကျော်လောက် MVP ရရလိမ့်မယ်"

"ဒီStreamer အသစ်က နေရှင်နယ်ဘုတ်ကိုတောင် ဝင်ဖို့ ကြိုးစားနေတာ"

ချီရှို့က ပြောသည်။

"ကျွန်တော် ဒါကို ဂရုချက်ထဲကနေ ဒေါင်းလုတ်ဆွဲထားတာ"

နည်းပြလင်းက ရေနွေးဘူးကို ချလိုက်ပြီးနောက် စိတ်ဝင်တစားကြည့်သည်။

"ကောင်းပြီ ကောင်းပြီ ကောင်းပြီ အတူကြည့်ရအောင် ဖွင့်လိုက်"

ချီရှို့က ချက်ချင်း ပြန်နှိပ်ဖွင့်လိုက်သည်။ ပွဲ၏ အစတွင် အပြာရောင်အသင်းက အသူရာအရှင်ကို ချက်ချင်း လှမ်းယူလိုက်သည်။ နှစ်ဖက်လုံးက ဟီးရိုးအသီးသီး ယူကြသည်။ ချက်ဘောက်တွင် ရှောင်ပိုင်က အမိန့်ပေးသော စာသား ပေါ်ထွက်လာသည်။ သူက အသင်းဝင်များကို နတ်ဘုရားလေးသည်တော်၊ လူရမ်းကားနှင့် လူမိုက်တို့ကို ယူခိုင်းခြင်း ဖြစ်သည်။ သာမန်ကြည့်ရှုသူများနှင့် ပရိုနည်းပြများက တူညီသော ပုံစံဖြင့် အသင်းပုံစံကို ခွဲခြမ်းစိတ်ဖြာခြင်း မဟုတ်ချေ။ ယဲ့ရှောင်းယန်က ထိုဟီးရိုးများကို ရွေးသောအခါ ချက်ခန်းတွင် သံသယပေါင်းများစွာကို ပေါ်ထွက်စေခဲ့သည်။ သို့သော် ကျွမ်းကျင်နည်းပြ တစ်ယောက်အနေဖြင့် သူ့အတွေးကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

"အနီအသင်းရဲ့ Line up က အစောပိုင်းဂိမ်းမှာ အတော် အင်အားကြီးတယ်"

လင်းဖုန်းက ပြောသည်။

"သူက အရှိန်နှုန်းကို မှီခိုပြီး လျင်လျင်မြန်မြန်နဲ့ တိုက်ပွဲတွေကို ရှောင်ရှားလို့ ဂိမ်းတစ်ခုလုံးကို ထိန်းချုပ်ချင်တာလား"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now