သိပ်မကြာခင်တွင် သူတို့၏အသင်းမှ [မင်းရဲ့အပြုံးလေး] က မှော်ဆရာကို ရွေးလိုက်သည်။ [ငါ့နှလုံးခုန်သံ] ကမူ သေနတ်သမားကို ရွေးချယ်သည်။ ထို့နောက် [ဒဏ္ဍာရီလာကော]ကမူ လုပ်ကြံသတ်ဖြတ်သူကို ရွေးချယ်သည်။ သူတို့၏ Line up က လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်၊ မှော်ဆရာ ၂ယောက်၊ သေနတ်သမားနှင့် အထောက်အပံ့ တစ်ယောက် ဖြစ်သည်။

[မင်းရဲ့အပြုံးလေး]: ငါက မှော်ဆရာကစားတယ်။ ရှောင်ပိုင် ဟီးရိုးလဲလိုက်ပါ။ ဟုတ်ပြီလား

[ငါ့နှလုံးခုန်သံ]: အထောက်အပံ့ Tank ဟီးရိုးနဲ့ ပြောင်းလိုက်။ တောအုပ်သံတမန်က အရမ်းသေလွယ်တယ်။

[မင်းရဲ့အပြုံးလေး]: ငါ့ကောင်လေး ပြောတာကို နားထောင်လိုက် မြန်မြန် Tank နဲ့ လဲလိုက်။

[ရှောင်ရွေ့]: စိတ်မကောင်းပါဘူး။ ငါက တခြားအထောက်အပံ့တွေမှာ မတော်ဘူး။

[ရှောင်ပိုင်]: ငွေရောင်အဆင့်ပွဲတွေက အဲလောက်အထိ အလေးထားစရာ မလိုပါဘူး။ မင်းတို့တော်တာကိုပဲ ဆော့..

[မင်းရဲ့အပြုံးလေး]: .....

[မင်းရဲ့အပြုံးလေး]: ငါတို့က မှော်ဆရာနှစ်ယောက်နဲ့ ဘယ်လို ကစားရမှာလဲ။

[ရှောင်ပိုင်]: ငါတို့ စီမံလို့ရတယ်

[ရှောင်ပိုင်]: ငါက အပေါ်လမ်းကို နေရာယူမယ်။ မင်းက အလယ်ကို ယူလိုက် စရအောင်

ထိုစုံတွဲကမူ ညှိနှိုင်း၍ မရကြောင်း သိသောအခါ ဒီအတိုင်း ကျည်ဆံကို ကိုက်၍ ကိုင်တွယ်ရုံသာ ရှိလေတော့သည်။

ပြိုင်ပွဲက စလေပြီ။

ယဲ့ရှောင်းယန်ကလည်း မမှား‌ချေ။ ငွေရောင်အဆင့် ပွဲများက ထိုမျှအထိ အလေးထားရန် မလိုအပ်ချေ။ ထို့အပြင် အဖွဲ့ရဲ့ နေရာအနေအထားကိုလည်း ဖိအားများစရာ မလိုသေးချေ။ ဗျူဟာကိုလည်း ထိုမျှအထိ မလိုအပ်သေးချေ။ အဖွဲ့ထဲတွင် လူဟောင်းတစ်ယောက် ရှိသမျှ ရန်သူတိုင်းကို ချေမှုန်းနိုင်ပြီး အသင်းက အလိုလို နိုင်ပေလိမ့်မည်။

နည်းပညာအရ ပြောရသော် ယဲ့ရှောင်းယန်က စစ်နတ်ဘုရားများ၏ အဆင့်သတ်မှတ်ချက်ပွဲတွင် ပထမဆုံးအကြိမ် ဆော့ကစားခြင်းဟု ဆို၍ ရသည်။ ယခင်တစ်ခေါက်က သူက ဤဘဝသို့ ခြေလှမ်းဝင်ကာစ ဖြစ်သဖြင့် ထည့်တွက်၍ မရချေ။ သူ၏ဦးနှောက်ကလည်း ထိုအချိန်က ဝေဝေဝါးဝါး ဖြစ်နေခဲ့သည်။ သူက မမျှော်လင့်ထားဘဲ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်၏ ထပ်ခါတလဲလဲ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး အလေးအနက်ထားပြီး ကိုင်တွယ်ခဲ့ခြင်းမျိုး မရှိခဲ့ချေ။ သို့သော် ဤတစ်ကြိမ်တွင်မူ သူက အလေးအနက်ထားပြီဖြစ်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now