Ch 157: ခဲ့ရှမျ၏ ဧကရီ/ခဲ့ရွမ်၏ ဧကရီ

8.2K 1K 25
                                    

(Unicode)

လေထုသည်‌ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ် သွားခဲ့သည်။ ကိုယ်လုပ်တော်တွေ စကားမပြောဝံ့တာ မဆိုထားနှင့် ခဲ့ရွမ်တောင်မှ အနည်းငယ် မှင်တက်သွားလေ၏။ သူနှင့် တစ်ချိန်တည်း စကားပြောခဲ့သော အမျိုးသမီးကို မသိစိတ်က တစ်ချက်ကြည့်လိုက်သည်။

ထိုအမျိုးသမီး၏ မျက်လုံးများသည် အနက်ရောင် ကျောက်မျက်ရတနာကဲ့သို့ တောက်ပနေလေသည်။ သူမ၏မျက်ခုံးများမှာ တွန့်ချိုးနေပြီး ရှည်လျားသော မျက်တောင်များသည် အနည်းငယ် တုန်ယီနေသည်။ သူမ၏ ဖြူစင်ပြီး အပြစ်အနာအဆာကင်းသော အသားအရေသည် ပန်းရောင်ဖျော့ဖျော့သန်းနေပြီး သူမ၏နှုတ်ခမ်းပါးလွှာသည် နှင်းဆီပွင့်ချပ်များကဲ့သို့ နူးညံ့အိစက်သည်။

သူမ၏ စိတ်နေစိတ်ထားသည် ရေကဲ့သို့ နူးညံ့သော်လည်း မြင့်မြတ်သော ငန်းတစ်ကောင်ကဲ့သို့ အရှိန်အဝါရှိသည်။

သူမ၏အမူအရာအရ သူမသည် ယခင်က သူ မတွေ့ခဲ့ရသော ဧကရီဖြစ်ပေမည်။

ထိုကဲ့သို့သော မိန်းကလေးမျိုးအား ဘယ်သူမဆို ကြိုက်နှစ်သက်နိုင်လေသည်။

ခဲ့ရွမ်သည် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။

"သွားရအောင်"

အဖြစ်အပျက်က ဤကဲ့သို့ ပြီးသွားသောအခါ ကိုယ်လုပ်တော်တွေက သူမအား လှောင်ပြောင်စွာ ကြည့်နေကြ၏။

ခဲ့ရွမ်၏ အမူအရာသည် ကြည့်မကောင်းပေ။
'သူမကို ဘာမှမမြင်နိုင်တဲ့ မျက်မမြင်တစ်ယောက် ဒါမှမဟုတ် မင်းတို့ရဲ့ လှောင်ပြောင်မှုကို မခံစားနိုင်တဲ့ အရူးတစ်ယောက်လို့ တကယ်ပဲ ထင်နေတာလား'

'သူမကို လှောင်ပြောင်ရတဲ့ အကြောင်းပြချက်က ဘာများလဲ။ သူမရဲ့မျက်နှာက မင်းတို့ထက် အဆပေါင်းများစွာ ပိုသာတယ်။ သူမကို လှောင်ပြောင်ဖို့ ဘယ်အရာကများ မင်းတို့ကို ယုံကြည်မှုရှိစေတာလဲ??'

"ဧကရီ.. ကြည့်ပါအုံး။ ရှုခင်းက ဘယ်လောက်လှလိုက်လဲ"

ခဲ့ရွမ်က လှောင်ပြောင်လိုက်သည်။

"ဘာလဲ။ မင်း အရင်ကမမြင်ဖူးဘူးလား"

ကိုယ်လုပ်‌တော်တွေက မောင်းမဆောင်ထဲသို့ဝင်ခဲ့တာ ကြာလေပြီ။ မိန်းမတွေကြားက ပြဿနာ အသေးအမွှား လေးတွေကြောင့် နေ့တိုင်း ဧကရာဇ်ဥယျာဉ်တော်ကို သွားပြီး မျက်နှာတွေ အဝတ်အစားတွေ ကြွားပြနေတာ မဟုတ်လား။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Où les histoires vivent. Découvrez maintenant