8.1K 1.2K 38
(Unicode)
ခဲ့ရွမ်သည် စကားမပြောနိုင်လောက်အောင် ဖြစ်သွားရသည်။ ရိုးရိုးသားသားပြောရရင် သူကောင်းတာတွေ အများကြီးမလုပ်ခဲ့‌ပေ။ ဘာလို့ ဒီလူတွေက သူ့ရှေ့မှာ ဒူးထောက်ကြတာလဲ?
"သခင်လေးက ကျွန်‌တော်တို့ဘဝကို ကယ်တင် ပေးခဲ့တယ်.. အဲဒါက ကျွန်တော်တစ်သက်လုံး ပြန်မဆပ်နိုင်တဲ့ အကြွေးပဲ"
ခဲ့ရွမ်က ပြောလိုက်၏။
"ငါ... အဲဒါကို မေ့တောင်မေ့နေပြီ.. ထလိုက်ပါ ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ အရင်က မင်းတို့ကို ရှာဖို့ ငါ့လူတွေကို စေလွှတ်ခဲ့တယ်။ မင်းတို့အားလုံး သိကြမှာ သေချာပါတယ်"
မိန်းကလေးချင်းနျန်သည် ခေါင်းညိတ်ပြပြီး စစ်ယွိဟန်ကို ကြည့်လိုက်သည်။ ဒီကလေးက ရုပ်ရည်ချောမောပြီး ချစ်ဖို့ကောင်းတာမို့ သူ့ကို အရမ်းသဘောကျပါသည်။
"စိတ်မပူပါနဲ့ သခင်လေး.. ကျွန်မတို့ သူ့ကို တကယ့် ကလေးအရင်း တစ်ယောက်လို ဆက်ဆံမယ်"
ခဲ့ရွမ်က ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်!"
"ကျွန်တော့်ကို ဒီမှာထားခဲ့ချင်တာ သေချာလား" ကလေးတစ်‌ယောက်ပါးစပ်မှ အေးစက်သောအသံတစ်ခု ထွက်ပေါ်လာသော်လည်း ထူးဆန်းတယ်ဟု မတွေးမိခဲ့ကြပေ။
"ရှောင်ဟန်... ငါ.. " ခဲ့ရွမ်က သူ့ကို ဆုပ်ကိုင်ထားချင်ပေမယ့် စစ်ယွိဟန်က ခဲ့ရွမ်၏လက်ကို ရှောင်ထွက်သွားသည်။
ခဲ့ရွမ်၏ မျက်နှာ တင်းမာသွားတဲ့အခါ လီချင်းနျန်က ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့ သခင်လေး.. သူက ငယ်သေးတယ်။ သင်က သူ့ကို အမြဲတမ်း ဂရုစိုက်နေတော့ သူ စိတ်ဆိုးလွယ်ပြီး ဆိုးသွမ်းနေတာက ပုံမှန်ပါပဲ။ သေချာပေါက် ကျွန်မတို့ သူ့ကို ကောင်းကောင်း ဂရုစိုက်မှာပါ"
ခဲ့ရွမ် ပြုံးလိုက်သည်။ သူလည်း ဒီလိုပဲ သေချာပေါက် မျှော်လင့်ပါတယ်။
"သခင်လေး.. ပြန်ဖို့အချိန်ရောက်ပြီ" ခဲ့ရွမ်၏ နောက်လိုက် စစ်သည်များက သူ့အား သတိပေးလိုက်သည်။  "အချိန်မီပြန်မလာရင် စစ်သူကြီးက အပြစ်တင်လိမ့်မယ်"
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now