7K 1.1K 31
(Unicode)
ညဘက်တွင် ခဲ့ရွမ်သည် ချီချန်၏ တံခါးရှေ့တွင် ရပ်နေကာ စိတ်ထဲမှ ရုန်းကန်နေလေသည်။ ဒီလူကို သူတကယ် မျက်နှာချင်းမဆိုင်ချင်ပေ။
"ဘာလုပ်နေတာလဲ"
အနောက်မှ အသံသည် ရုတ်တရက် ထွက်ပေါ်လာသောကြောင့် ခဲ့ရွမ် အံ့သြသွားသည်။ သူက အမြန်လှည့်ကာ အပြင်ဘက်မှ ဝင်လာသော ချီချန်ကို ကြည့်လိုက်သည်။
"မင်းက အခန်းထဲမှာ ရှိမနေဘူးလား"
ချီချန်က ခဲ့ရွမ် မဟုတ်တာပြောနေတဲ့အတိုင်း ကြည့်နေသည်။
ခဲ့ရွမ် "....."
ချီချန်က အေးစက်စွာပြောလိုက်သည်။
"မင်း ငါ့ကို ဘာလို့ရှာနေတာလဲ"
ခဲ့ရွမ်သည် ချီမိသားစု၏ အပြစ်ကင်းကြောင်း သက်သေပြရန် ကူညီမည်ဟု ကတိပေးခဲ့သော်လည်း နန်းတော်သို့ ပြန်ရောက်ကတည်းက ခဲ့ရွမ်သည် သူ့ကိုမြင်တိုင်း ကြောင်မြင်တဲ့ ကြွက်တစ်ကောင်ကဲ့သို့ ပြုမူခဲ့သည်။
ခဲ့ရွမ်သည် သူ၏ သီးသန့်ဧရိယာတဝိုက်ကို ခြေလှမ်းတစ်ဝက်မျှပင် မလှမ်းခဲ့ပါ။ သူ ဒီနေ့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ချီချန် စိတ်ရှုပ်သွားသည်။
"မင်းကို စစ်သူကြီးလုံနဲ့ အရာရှိတွေအကြောင်း စုံစမ်း စေချင်တယ်။ သူတို့ထဲက တော်တော်များများမှာ အဲဒီတုန်းက ချီမိသားစုနဲ့ ပတ်သက်တဲ့အ‌ကြောင်းတွေ ရှိနိုင်လောက်တယ်"
ချီချန်က ခေါင်းကိုငုံ့လိုက်သည်။ ခဲ့ရွမ်သည် အမှောင်ထဲတွင် ချီချန်၏အမူအရာကို မမြင်နိုင်သော်လည်း သူစိတ်မပူပေ။ ချီချန်က ကျိန်းသေသဘောတူမယ်ဆိုတာ သူသိသည်။
"ငါသွားမယ်!" ချီချန်က ပြောလိုက်သည်။
"ဒါပေမယ့် ချင်းယဲ့ကို ငါနဲ့အတူ လိုက်စေချင်တယ်"
ခဲ့ရွမ်က ပြုံးလိုက်၏။
"ကောင်းပြီ..."
ခဲ့ရွမ်၏ တုံ့ဆိုင်းမှုကြောင့် ချီချန်သည် စိတ်မရှည်စွာ မျက်မှောင်ကြုတ်လိုက်သည်။ သူ့အစ်ကိုချင်းယဲ့ကလွဲပြီး မည်သူ့ကိုမှ စိတ်ရှည်သည်းခံခြင်း မရှိနိုင်ပေ။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now