Ch 46: Devils Wouldn't Admit This

8.8K 1.5K 55
                                    

(Unicode)

Chapter-46 Devils Wouldn't Admit This

လင်ချင်းယဲ့သည် ထောင့်စွန်းတွင် ကုပ်ကုပ်လေး ထိုင်နေသော ခဲ့ရွမ်ကိုကြည့်ကာ ပြောလိုက်သည်။

"သခင်လေး.. မင်းအဲဒီမှာထိုင်ဖို့ မသင့်တော်ဘူး.. ကျေးဇူးပြုပြီး ဒီကိုလာပါ"

ခဲ့ရွမ် အနည်းငယ် တုန်လှုပ်သွား၏။

"အဆင်ပြေပါတယ်.. ဒီနေရာလေးမှာ နေလို့ကောင်းတယ်" ခဲ့ရွမ် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

လင်ချင်းယဲ့သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ ဒါကိုမြင်တော့ ခဲ့ရွမ် ချက်ခြင်းထလျှောက်ကာ သူနှင့် ဆန့်ကျင်ဘက်တွင် ထိုင်လိုက်ကာ ဘာမှ မပြောဝံ့တော့ပေ။

သိပ်မကြာခင်မှာပဲ သူတို့အနားရောက်လာတဲ့ ခြေသံတွေကို ကြားလိုက်ရသည်။ လင်ချင်းယဲ့က မတ်တပ်ထရပ်ပြီး ခဲ့ရွမ်နှင့် စစ်ယွိဟန်တို့ကို လက်နှစ်ဖက်ဖြင့် လှမ်းဆွဲလိုက်၏။

"တစ်နေရာရာမှာ သွားပုန်းနေ.. သူတို့က ကျွန်တော်တို့လူတွေမဟုတ်ဘူး"

"ဟေး.. ငါ့ကောင်တွေ ကြည့်ကြစမ်း.. နောက်ဆုံးတော့ ယွီလျောင်းခရိုင်ကို လူတချို့ ထပ်ရောက်လာပြီ"

လင်ချင်းယဲ့က ကုလားထိုင်ပေါ်ထိုင်ပြီး သူတို့ကို လျစ်လျူရှုထားသည်။

ခဲ့ရွမ်သည် ထိုလူများကို အက်ကွဲကြောင်းနောက်ကနေ မြင်လိုက်ရသည်။ အားလုံးက သာမန်ဖြစ်ကြသော်လည်း အလယ်ကတစ်ယောက်ကတော့ မုတ်ဆိတ်‌မွှေးကြောင့် မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရတာတောင် သူ့မှာ လှပတဲ့ မျက်လုံးတွေရှိတာကိုတော့ သိန်ိုင်သည်။

"ဘာတွေလဲ?"

"ငါ့တို့ကို ဒီလိုပုံစံနဲ့ စကားမပြောနဲ့! မင်းက အခု အကျဉ်းသား.. မင်းကိုယ်မင်း ဘာထင်နေတာလဲ"

မုတ်ဆိတ်မွှေးနဲ့လူက သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

"ထွက်သွားကြ"

"အကြီးအကဲ!"

"ငါထွက်သွားလို့ ပြောနေတယ်"
သူ့အသံက ပိုခက်ထန်လာသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now