7.5K 1K 45
(Unicode)
သူတို့သည် ဤနေရာ၌ သုံးရက်ကြာအောင် ချုပ်နှောင် ထားခံခဲ့ရပြီး စစ်ယွိဟန်လည်း မရှိပေ။ သူတို့အား မည်ကဲ့သို့ ကိုင်တွယ်မည်ကိုလည်း အမိန့်မပေးပေ။
သူ အထိတ်တလန့် မဖြစ်ပေမယ့် ဒီလိုဘဝမျိုးက သူ့ကို စိတ်ရှုပ်စေသည်။
"အစ်ကိုတော်.. ညီမတော် အရမ်းကြောက်တယ်"
ခဲ့နွန်သည် အသက်ဆယ့်နှစ်နှစ်အရွယ် မိန်းကလေးဖြစ်နေပြီ ဖြစ်သည်။ သူမသည် အရာများစွာကို သိမြင်နိုင်ပြီး နားလည်နိုင်သည်။
ခဲ့ရွမ်သည် သူမအား ရင်ခွင်ထဲသို့ ထည့်လိုက်၏။
ခဲ့နွန်၏ ဖြူစင်သောမျက်နှာသည် ငယ်စဉ်ကပင် မျက်ရည်များ ဖုံးလွှမ်းနေခဲ့သည်။
သူမ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုက လုံးဝကို ပေါ်လွင်နေပါသည်။ သူသက်ပြင်းချလိုက်ပြီး သူမ၏ကျောကို ခပ်ဖွဖွ ပုတ်ပေးလိုက်၏။
"မကြောက်ပါနဲ့ နွန်နွန်.. အားလုံးပြီးသွားမှာပါ"
သူတို့ အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ ထိုနေ့ရက်သည် ရောက်လာလိမ့်မည် ဖြစ်သည်။ သူ့အနီးတွင်ထိုင်နေသော လင်ချင်းယဲ့သည် ခဲ့ရွမ်ကိုကြည့်ကာ သက်ပြင်းချလိုက်၏။
"အရှင်မင်းကြီး.. ကျွန်တော်မျိုးက အသုံးမကျဘူး"
လင်ချင်းယဲ့လိုလူက အသုံးမကျဘူးဆိုရင် ခဲ့ရွမ်ဟာ အသက်ရှင်နေတုန်း လေကိုဖြုန်းတီးပြီး သေဆုံးပြီးနောက် မြေကိုဖြုန်းတီးမည့်လူ ဖြစ်နေပေလိမ့်မည်။
လင်ချင်းယဲ့သည် သူနှင့်အတူ အမြဲရှိနေခဲ့သည်။ သူ့ခမည်းတော်က သူ့ထံ ထီးနန်းလွှဲပြောင်း ပေးပြီးသည့်တိုင် စစ်သူကြီးလင်က သူ့ကို နန်းတော်ထဲ၌ ကာကွယ်ပေးနေဆဲ ဖြစ်သည်။ ဒါကြောင့်ပဲ သူသည် သူ့အား ကျေးဇူးအရမ်းတင်နေရပြီဖြစ်သည်။
သို့သော် ခဲ့ရွမ်သည် မိန်းကလေးများစွာနှင့် လင်ချင်းယဲ့အား မိတ်ဆက်ပေးခဲ့ဖူးသော်လည်း သူ၏ နှလုံးသားသည် အေးစက်နေသကဲ့သို့ တစ်ယောက်မှကို စိတ်မဝင်စားခဲ့ပေ။ စစ်သူကြီးလင်က အစွမ်းကုန် ငြင်းပယ်ရန် ကြိုးစားသောကြောင့် သူ့အား အမျိုးသမီး အများအပြားနှင့် မိတ်ဆက်ပေးခြင်းကို စွန့်လွှတ်ခဲ့သည်။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now