7.4K 1K 53
(Unicode)
ခဲ့ရွမ်သည် မြန်မြန်ဆန်ဆန် သေရမည်ဆိုလျှင် အဆင်ပြေသေးသည်။ မြန်မြန်သေသွားလျှင် နာကျင်မှုကို ခံစားနိုင်မည်မဟုတ်ပေ။ သို့သော် ညှင်းပန်းနှိပ်စက်ခံရပြီး သေရခြင်းသည် တကယ့်ကို နာကျင်စရာကောင်းလှသည်။ ခဲ့ရွမ်သည် နာကျင်မှုကို အကြောက်ဆုံးဖြစ်သည်။ သူသည် နာကျင်မှုကို မခံစားချင်သောကြောင့် တစ်ညလုံးမအိပ်ဘဲ နိုးနိုးကြားကြား နေခဲ့လေသည်။
ထို့ကြောင့် တစ်ညလုံးအိပ်မောကျပြီး တက်ကြွ လန်းဆန်းနေသော လင်ချင်းယဲ့သည် ခဲ့ရွမ်၏ ညိုမည်းနေသော မျက်လုံးဝိုင်းဝိုင်းများကို မြင်လိုက်ရသောအခါ အနည်းငယ်အံ့သြသွားမိသည်။
သူတို့သည် အချုပ်ခန်းထဲ၌ သုံးရက်လောက် သော့ပိတ်ခံထားရသော်လည်း ခဲ့ရွမ်သည် ဒီရက်ပိုင်း ကောင်းကောင်းစားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါသည်။ မနေ့ညက ဘာဖြစ်သွားတာလဲ?
တကယ်တော့ ခဲ့ရွမ် သူ့ကိုကြည့်နေတဲ့ပုံစံက အရမ်း ထူးဆန်းသည်။
"အရှင်မင်းကြီး.. ဘာဖြစ်လို့ပါလဲ။ မနေ့ညက ကောင်းကောင်းအိပ်မပျော်ဘူးလား"
ကောင်းကောင်း အိပ်ပျော်သွားတာမှ ထူးဆန်းနေအုံးမည်။
ခဲ့ရွမ် ရယ်မောလိုက်၏။
"ဘာမှမဟုတ်ပါဘူး.. စစ်သူကြီးလင် လွန်ခဲ့တဲ့ရက် အနည်းငယ်က မင်း ကောင်းကောင်းအိပ်မပျော်တာကို ငါသတိထားမိတယ်.. မနေ့ညက မင်းကောင်းကောင်း အိပ်ပျော်သွားတဲ့အတွက် ငါပဲ ညစောင့် လုပ်နေလိုက်တာ"
လင်ချင်းယဲ့သည် သူ့ကို လေးလေးနက်နက်ကြည့်ကာ သူသည် အသုံးမကျဘဲ ခဲ့ရွမ်ကို မကာကွယ်နိုင်ဘူးလို့ တွေးလျက် နာကျင်စွာ ခေါင်းညိတ်လိုက်သည်။
တကယ်လို့ ချီချန်သာ ယခု ခဲ့ရွမ်ပြောလိုက်တဲ့ စကားကြောင့် သူ့အစ်ကိုချင်းယဲ့ဟာ ခဲ့ရွမ်‌အပေါ် ပိုလေးနက်တဲ့ ခံစားချက်တွေ ရှိလာတယ်ဆိုတာကို သိခဲ့ရင် ကရုဏာမထားဘဲ ခဲ့ရွမ်ပါးစပ်ကိုပိတ်မှာ သေချာပါသည်။
ဧကရာဇ်စာဖတ်ဆောင်တွင် နံ့သာပေါင်းမီဖိုမှ စကားဝါ၏ မွှေးရနံ့သည် ပျံ့လွင့်လျက်ရှိသည်။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now