Ch: 8 (U+Z)

13.5K 2.1K 33
                                    

Unicode

Chapter-8 အတူတကွ။

ခဲ့ရွမ်က ပြောလိုက်ပြီးနောက် လင်ချင်းယဲ့ကို မျက်စောင်းထိုးလိုက်သည်။

"စစ်သူကြီးလင်..ကျေးဇူးပြုပြီး ငါ့ကိုသာ ကောင်းကောင်း ကာကွယ်ပေးစမ်းပါ။ အဲဒီကောင်က ဘယ်သူလဲဆိုတာ ငါတကယ်မသိဘူး။ ငါ့အတွက်တော့ သူ့က ယုတ်မာရိုင်းစိုင်းတဲ့ လူငယ်တစ်ယောက်အပြင် မပိုဘူး။ ခမည်းတော်က အဲဒါကိုမေးရင် ရှင်းရှင်းလင်းလင်း ရှင်းပြလိုက်နော်"

ဒါကိုကြားတော့ လင်ချင်းယဲ့က ကြောင်တက်တက် ဖြစ်သွားသည်။ သူ့နှုတ်ခမ်းတွေ လှုပ်သွားပေမယ့် နောက်ဆုံးတော့ ဘာမှပြန်မပြောပေ။ ခနနေတော့
သူက ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူ့အကြည့်များသည် ခဲ့ရွမ်၏နဖူးပေါ်သို့ ကျရောက်သွား၏။
"အရှင့်သား..သင့်ရဲ့နဖူးပေါ်က ဒဏ်ရာကိုကုသရမယ်။ ဒီကနေ သိပ်မဝေးတဲ့နေရာမှာ ဆေးခန်းလေး တစ်ခုရှိတယ်။ အဲဒီကို သွားကြည့်ရအောင်။"

ခဲ့ရွမ် ခေါင်းညိတ်လိုက်သည်။ ဒီလိုအခြေအနေမျိုးမှာ အနားယူဖို့ တည်းခိုခန်းကို သွားစရာမလိုပေ။

"အားလုံး..ငါ့နောက်ကနေ ဆေးခန်းကိုလိုက်ခဲ့ကြ"
သူက တခြားလူတွေကို ပြောလိုက်သည်။

"အ..အရှင့်သား?" မိန်းကလေးက နောက်ဆုံးတော့ ခဲ့ရွမ်ရဲ့ အဆင့်အတန်းကို သိသွားသည်။ သူမ လုံးဝ အံ့အားသင့်သွားသည်။

ခဲ့ရွမ်က သူမရဲ့ ဆံပင်တွေကို ပွတ်သပ်ပြီး ပြောလိုက်သည်။

"မိန်းကလေး...မင်းအိမ်ပြန်နိုင်ပြီ...မင်းအခု လုံခြုံသွားပြီ"

သူပြောပြီးတာနဲ့ ထိုမိန်းကလေးက လေပြင်းတိုက်သလို အရှိန်နဲ့ အမြန်ပြေးထွက်သွားတော့သည်။

ခဲ့ရွမ်အနည်းငယ်ရှက်သွားရ၏။
သူက အရမ်း ကြောက်စရာကောင်းနေတာလား?

လင်ချင်းယဲ့ပြောသည့်အတိုင်း ဆေးခန်းသည် သိပ်မဝေးလှပါ။ ခနကြာတော့ သူတို့ရောက်လာကြ၏။ ရုတ်​တရက်​ လူ​တွေ​အများကြီး ရောက်​လာတာကို
မြင်​လိုက်​ရ​တော့ ​ဆေးခန်းကလူနာ​တွေ အကုန်​​လုံး ကြောက်သွားကြသည်​။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Kde žijí příběhy. Začni objevovat