Ch 130: ထိတ်လန့်စရာ မှတ်ဥာဏ်များ/ထိတ္လန႔္စရာ မွတ္ဉာဏ္မ်ား

7.4K 1K 10
                                    

(Unicode)

သို့သော် စစ်ယွိဟန်သည် ခြားနားသည်။ သူ၏ တည်ရှိမှုသည် အလွန်အကဲဆတ်သည်။ အကယ်၍ အခြားတိုင်းပြည်များ၏ ဓားစာခံများရှိခဲ့ပါက စစ်ယွိဟန်သည် ဤမျှလောက် မျက်စိကျစရာ ဖြစ်မှာမဟုတ်ပေ။ သို့သော် ခဲ့ရွမ်သည် အခြား တိုင်းပြည်များ၏ ဓားစာခံများကို ပြန်ပို့ပြီးဖြစ်သည်။ ယွီရှင်းပင်လျှင် ချောင်တောင်ဖြစ်ရပ်အပြီး၌ ရိုက်နှက်ခံရပြီး ပြန်ပို့ခံခဲ့ရသည်။ စစ်ယွိဟန်သာ သူနဲ့အတူ နန်းတော်မှာဆက်ရှိနေလျှင် သူ ဘာဖြစ်သွားနိုင်မလဲဆိုတာကို မတွေးရဲတော့ပေ။

ခဲ့ရွမ်၏ အဆင့်အတန်းဖြင့် အမှန်တကယ်ပင် သူ့ကို ကာကွယ်ပေးနိုင်သော်လည်း တစ်သက်တာအစား ခဏတာသာ ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ ထင်ရှားသောလှံကို ရှောင်ရန်မှာ လွယ်ကူသော်လည်း လျှို့ဝှက်မြှားကို တားဆီးရန် ခက်ခဲပေသည်။ ထို့အပြင် သူသည် နန်းတွင်းဒရမ်မာ များကိုလည်း ကြည့်ရှုခဲ့ဖူးသည်။ ဗျူရိုကရေစီ သို့မဟုတ် ဧကရာဇ်မောင်းမဆောင်ရှိ တစ်ဦးတစ်ယောက်သည် သတိလက်လွတ်ဖြင့် သေဆုံးပေးရမည်ဖြစ်ပြီး ထို့ကြောင့် ၎င်းကို အလောင်းအစားမပြုဝံ့ပါ။

ယွီ‌လျောင်းခရိုင်တွင် ချင်မိန်းကလေးကို ကယ်တင် ခဲ့ပြီးနောက် စစ်ယွိဟန်ကိုစောင့်ရှောက်ရန် သူမအား တောင်းဆိုခဲ့သည်။ သူသည် ငွေအမြောက်အမြား ချန်ထားခဲ့ကာ သူမနှင့် သူမ၏ခင်ပွန်းအား စစ်ယွိဟန်ကို ကူညီစောင့်ရှောက်ပေးရန် တောင်းဆိုခဲ့သည်။ ထိုနေ့တွင် ချင်မိန်းက‌လေးတို့ မိသားစုအတွက် သူဝယ်ပေးခဲ့သော မကြီးလွန်း၊ မသေးလွန်းသည့် အိမ်သို့ စစ်ယွိဟန်အား ခေါ်ဆောင်သွားစေခဲ့သည်။

ထိုမိသားစုသည် အလွန်ကြင်နာတတ်ပြီး စစ်ယွိဟန်ကို ကောင်းစွာ ဆက်ဆံကြမည်ဖြစ်သည်။

သူသည် စစ်ယွိဟန်အတွက် ကောင်းကောင်းပြင်ဆင် ပေးနိုင်ခဲ့သည်ဟု ထင်ခဲ့သည်။ သူကြီးပြင်း လာသောအခါ သူ့အားပြန်‌ခေါ်ရန် တစ်စုံတစ်ဦးကို လွှတ်နိုင်သည်။ သူ့ကလေးဘဝသည် အမှောင်အတိ မရှိဘဲနေနိုင်မည်ဖြစ်ပြီး သူ့သိုင်းပညာ နှေးကွေး သွားရင်တောင် ကြီးကြီးမားမား ပြဿနာမရှိပါချေ။ အနည်းဆုံးတော့ သူ့မှာ မိသားစုရှိပြီး အချိန်အကြာကြီး ပျော်ပျော်ရွှင်ရွှင်နေနိုင်မှာပါ။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now