Ch 103: ဒီကလေးက အရွယ်ရောက်လာပြီ/ဒီကေလးက အ႐ြယ္ေရာက္လာၿပီ။

8K 1.2K 20
                                    

(Unicode)

"အမတ်ချုပ် ပြောစရာရှိသေးလား"

ခဲ့ရွမ်သည် ပြုံးနေသော်လည်း အမတ်ချုပ်က ထိုအပြုံးကို မြင်သောအခါတွင် ပြောင်ပြောင်တင်းတင်း ကဲ့ရဲ့ခြင်း ပြည့်နှက်နေသည်ဟု ခံစားမိသည်။

အမတ်ချုပ်က ဦးညွှတ်လိုက်သည်။

"ကျွန်တော်မျိုး ပြောစရာမရှိ‌တော့ပါဘူး"

"ဘာမှပြောစရာမရှိ‌တော့ဘူးဆိုရင် ကျေးဇူးပြုပြီး ပြန်သွားပါ။ ငါ အခုပဲ စာလေ့လာရတော့မယ်"

"ဟုတ်ကဲ့"

အမတ်ချုပ်က ကျောကိုလုံးဝမကိုင်းဘဲ တည့်တည့် မတ်မတ် ထားကာ လှည့်ထွက်သွားတော့သည်။

သူ့ကိုကြည့်ရတာ စကားကို ဖြောင့်ဖြောင့်ကြီး ပြောတတ်သူဖြစ်နိုင်သည်။ ဒါပေမယ့်...

ခဲ့ရွမ်သည် စကားမဲ့စွာ ခေါင်းယမ်းလိုက်သည်။
သူက သူ့ဘေးနားက လင်ချင်းယဲ့ကိုကြည့်ပြီး မေးလိုက်၏။

"စစ်သူကြီးလင်.. အမတ်ချုပ်နာမည် ဘယ်လိုခေါ်လဲ?"

လင်ချင်းယဲ့ အံ့သြသွား၏။
"ဘာကြီး?"

ခဲ့ရွမ် နှစ်ကြိမ်ချောင်းဆိုးလိုက်သည်။ သူ့မှာ ဒီအမတ်ချုပ်ကို အထင်ကြီးစရာမရှိသလို စာအုပ်ထဲမှာလည်း ဖော်ပြချက် သိပ်မရှိပါပေ။ မီးတောက်နီတိုင်းပြည်ကို စစ်ယွိဟန် သိမ်းယူသည့် အချိန်အထိ ဤအမတ်ချုပ်သည် လှုပ်ရှားမှု မပြုလုပ်ခဲ့ပေ။ ထို့ကြောင့် ဒီလူက နောက်ဆုံးထိ သေချာပေါက် ရှင်သန်နိုင်မှာ မဟုတ်ပါ။

အမတ်ချုပ်သည် ခဲ့ရွမ်ကဲ့သို့ အမြောက်စာလေးသာ ဖြစ်သည်။ သူ့မှာ ဝိညာဥ်ကူးပြောင်းဖို့ အခွင့်အရေး မရှိတာကြောင့် ဆိုးရွားတဲ့ဇာတ်သိမ်းကို ရအုံးမှာပင်။

"လိန်ကျန်း"

"လိန်ကျန်း?" ခဲ့ရွမ် ပါးစပ်လှုပ်သွားသည်။

"မိုးခြိမ်းခြင်းရဲ့ 'လိန်' နဲ့ လှုပ်ခတ်ခြင်းရဲ့ 'ကျန်း'လား?"

လင်ချင်းယဲ့က ခေါင်းညိတ်ပြပြီး ခဲ့ရွမ်ရဲ့ဆူပွတ်နေတဲ့ မျက်နှာကို သံသယဖြင့် ကြည့်လိုက်သည်။ ခဲ့ရွမ်သည် အဘယ်ကြောင့် ဤကဲ့သို့ မျက်နှာအမူအရာ ရှိသည်ကို သူ မသိနိုင်ပေ။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now