Ch: 13 (U+Z)

12.1K 1.9K 10
                                    

Unicode

Chapter-13 သူစက်ဆုပ်ရွံ့ရှာသင့်တယ်။

ခဏအကြာတွင် စစ်ယွိဟန်သည် သက်တောင့်သက်သာ ရှိသောနေရာတွင် လဲလျောင်းနေရသလို ခံစားလိုက်ရပြီး ရုတ်တရက် နွေးထွေးသောစောင်ဖြင့် ထုပ်ပိုး ခံလိုက်ရသည်။ သူသည် မြက်‌ခြောက်နံ့လိုလို မြေသင်းနံ့လိုလို ရနံ့လေးရလိုက်သည်။ ၎င်းသည် အလွန်မွှေးပြီး အရမ်းနှစ်လိုဖွယ်ကောင်းလေ၏။

ထိုရနံ့သည် ခဲ့ရွမ်ဆီကရနံ့ဖြစ်သည်။ ခဲ့ရွမ်အိပ်ထားသည့် နေရာက သူ့ကိုယ်သင်းနံ့တွေ စွဲကပ်နေပြီး မွှေးပျံ့နေ၏။ စစ်ယွိဟန်သည် တစ်နည်းနည်းဖြင့် စိတ်ရှုပ်သွားသည်။ ဒါတွေအားလုံးကို သူ့ ရွံရှာသင့်ပေမယ့်..

မဟုတ်ဘူး။

ငါ ရွံတယ်။ အဲဒါက အရမ်းစက်ဆုပ်စရာကောင်းတယ်။
စစ်ယွိဟန် စိတ်ထဲကနေ ကျိတ်မှိတ်ပြောလိုက်သည်။

သူမျက်မှောင်ကြုတ်မိသွားတာကိုတောင် သတိမထားမိလိုက်ပေ။

ရုတ်​တရက်​ ​နွေး​ထွေး​သော လက်​တစ်​စုံက သူ့နဖူးပေါ်ကို ထိတွေ့လာသည်​။ ထိုလက်ချောင်းများက သူ့မျက်ခုံးများကိုပွတ်သပ်ကာ ဒေါသနှင့် စိတ်ရှုပ်ထွေးမှု များကို ဖယ်ရှားပစ်ရန် ကြိုးစားနေဟန်တူသည်။

သူ နူးညံ့တဲ့ အသံလေးတစ်ခုကို ကြားလိုက်ရသည်။
"ဟန်..မကြောက်ပါနဲ့။ မင်းအတွက် ငါဒီမှာရှိတယ်။ ငါ့ကိုယုံပါ၊ မင်းကို ဘယ်သူမှ နာကျင်အောင် ထပ်မလုပ်ရဲစေရဘူး။ ငါကတိပေးတယ်..စိတ်မပူပါနဲ့"

စစ်ယွိဟန်သည် ကျုံ့ကျုံ့လေးကွေးပိုက်ပြီး အိပ်နေသည်ကိုမြင်သည့်အခါ ခဲ့ရွမ် စိတ်မကောင်း မဖြစ်ဘဲ မနေနိုင်တော့ပေ။

ထိုအမူအရာသည် မိခင်ဝမ်းတွင်း၌ ကလေးငယ်များ ကွေးနေသကဲ့သို့ မလုံခြုံသော ခံစားချက်၏ လက္ခဏာဖြစ်သည်။ ၎င်းက သူတို့ကိုယ်သူတို့ ဘေးကင်းသည်ဟု ခံစားရစေမည့် တစ်ခုတည်းသော နည်းလမ်းပင်။

ခဲ့ရွမ် တိတ်တိတ်လေး သက်ပြင်းချလိုက်၏။ သူ ခုနက အရမ်းအိပ်ငိုက်နေသော်လည်း အခုချိန်မှာတော့ လုံးဝ မငိုက်တော့ပေ။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now