Ch 118: ကူကယ်ရာမဲ့သော ခံစားချက်/ကူကယ္ရာမဲ့ေသာ ခံစားခ်က္

6.5K 952 11
                                    

(Unicode)

ခဲ့ရွမ်၏ မျက်နှာတွင် ပျော်ရွှင်သော အရိပ်အယောင်လေး ပေါ်လာခဲ့သည်။ ဘယ်သူကမှ ငါ့အကြံဉာဏ်ကို မယူကြပေမယ့် စစ်သူကြီးလင်ရဲ့ စကားကိုတော့ သေချာနားထောင်ကြမှာပဲ။

လင်ချင်းယဲ့သည် ခဲ့ရွမ်၏ မျှော်လင့်နေသော မျက်လုံးများကို မကြည့်‌ပေ။ သူက ခေါင်းကိုမော့ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

"ဟန်သခင်လေး သူ့တိုင်းပြည်ပြန်ဖို့ ကျွန်တော်မျိုး လိုက်ပို့ပါရစေလို့ တောင်းဆိုပါတယ်"

ခဲ့ရွမ်၏ မျက်လုံးများသည် အံ့သြမှုဖြင့် ပြူးကျယ်သွားသည်။

'စစ်သူကြီးလင် ဘာပြောလိုက်တာလဲ။ ငါ နားကြားမှာသွားတာလား? ဖြစ်နိုင်တယ်'

ခဲ့ကျန်းက ပြောလိုက်သည်။

"ကောင်းပြီ.. မင်းလိုက်ပို့နိုင်တယ်!"

မဟုတ်ဘူး၊ ဒါက မဖြစ်သင့်ဘူး၊ ဒီလိုမျိုး မဖြစ်သင့်ဘူး။

ခဲ့ရွမ်က အလျင်အမြန် ပြောလိုက်သည်။

"အရှင်မင်းကြီး.. တောင်းပန်ပါတယ်!"

"မင်း ထပ်ပြီး အကျဉ်းချခံချင်လို့လား သားတော်"
ပထမအကြိမ်က ဟန်ဆောင်ခဲ့ပေမဲ့ ဒီတစ်ခါတော့ သူ့သည် တကယ်ပဲ အကျဉ်းချခံရတော့ပေမည်။

"မဟုတ်ဘူး... အရှင်မင်းကြီး"

"အစောင့်တွေ.. အိမ်ရှေ့စံကို ခေါ်သွားလိုက်"

လင်ချင်းယဲ့သည် မလှုပ်မယှက် ဒူးထောက်နေပြီး မည်သည့်စကားမှ မဆိုဘဲ အစောင့်တွေအား ခဲ့ရွမ်ကို ခေါ်သွားခွင့်ပြုထားလေသည်။

ခဲ့ရွမ်၏အသံ ပျောက်ကွယ်သွားတော့မှ ခဲ့ကျန်းကဆို၏။

"စစ်သူကြီးလင်..ဒီကိစ္စကို မင်းလက်ထဲ အပ်ထားခဲ့မယ်... အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းပါ"

"ဟုတ်ကဲ့!"

သူ့စိတ်ထဲ၌ အရှင့်သားရဲ့ အကျိုးအတွက်သာ စဉ်းစားသည်။ အရှင့်သားသည် စစ်ယွိဟန်ကို အထူးအလေးပေးခဲ့သည်။ အရှင့်သား၏ အနာဂတ်သည် စစ်ယွိဟန်၏ လက်ထဲတွင် ဘယ်တော့မှ မရှိသင့်ပါ။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now