7.4K 1K 24
(Unicode)
ခဲ့ရွမ်၏ မျက်နှာအမူအရာအားလုံးကို စစ်ယွိဟန်က ရှင်းရှင်းလင်းလင်း တွေ့နေရ၏။
စစ်ယွိဟန်သည် သစ်သားဘီးကိုယူကာ ခဲ့ရွမ်၏ဆံပင်ကို ညင်သာစွာ ဖြီးပေးလိုက်သည်။ ထို့နောက် သူသည် ခဲ့ရွမ်အား ခေါင်းဆောင်းတပ်ဆင်ရာတွင် ကူညီ ပေးလိုက်သည်။ ထို့နောက် ခဲ့ရွမ်၏ ၀တ်စား ဆင်ယင်မှုသည် လုံးဝ ပြီးစီးသွားခဲ့သည်။
ဇာတ်လိုက်သည် သူ၏ဆံပင်အား စည်းနှောင်ရန် အလွန် အာရုံစိုက်နေကြောင်း မှန်မှတစ်ဆင့် သူရှာတွေ့သော အခါတွင် ခဲ့ရွမ်၏မျက်ခုံးများ လှုပ်ယမ်းသွားခဲ့သည်။
ထိုအချိန်မှပင် ခဲ့ရွမ်သည် ခေါင်းစောင်းအပါအဝါ သူ၏ဝတ်စုံသည် ဇာတ်လိုက်နှင့် အတူတူပင် ဖြစ်ကြောင်း သိလိုက်ရသည်။
ဒါပေမယ့်..
ခဲ့ရွမ်သည် အသက် ၂၂ နှစ်ရှိပြီဖြစ်သည်။ သို့သော် စစ်ယွိဟန်သည် အသက် ၁၇ နှစ်အောက်သာ ရှိပုံရသည်။ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုက ဘယ်လို တူညီနိုင်ရတာလဲ?စစ်ယွိဟန်သည် အလွန်အရပ်ရှည်ပြီး သန်မာ၏။ ခဲ့ရွမ်သည် တူညီသောဝတ်စုံဖြင့် သူ့ဘေးတွင် ရပ်နေချိန်တွင် နိမ့်ကျသော မိသားစုမှ မိန်းကလေးတစ်ဦးနှင့်တူသည်။
ခဲ့ရွမ်၏ပုံစံသည် သူကိုယ်တိုင်၏ မျက်လုံးထဲတွင်ပင် အမှန်တကယ် အရှက်ရစရာ ကောင်းနေပါသည်။
ခဲ့ရွမ်သည် သူ၏ နူးညံ့ပြီး လှပသောမျက်နှာကို မကြိုက်ပေ။ သူ့မျက်နှာသည် ဇာတ်လိုက်ကဲ့သို့ ယောကျာ်းမဆန်ဘဲ အမှန်တကယ် စိတ်ပျက်စရာ ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ခဲ့သည်။
သူတို့၏ ၀တ်စားဆင်ယင်မှု၊ ၀တ်စုံနဲ့ ခေါင်းဆောင်းတွေဟာ တစ်ထပ်တည်းကျရုံသာမကဘဲ သူတို့ရဲ့ မျက်နှာနှစ်ခုစလုံးဟာ မိတ်ကပ်မလိမ်းဘဲ သန့်ရှင်းကြည်လင်နေခဲ့ပါသည်။
‌ခဲ့ရွမ် တွေးလိုက်၏။ ငါက သာမန်နိုက်ကလပ်တစ်ခုက ရုပ်ရည်ချောမောတဲ့ အသုံးတော်ခံတစ်ယောက်လို ဖြစ်နေချိန်မှာ ဘာကြောင့် ဇာတ်လိုက်က သန်မာ ကြံခိုင်ပြီး မလျှော့မပေးတတ်တဲ့ စရိုက်လက္ခဏာရှိတဲ့ လူတစ်ယောက်လို ဖြစ်နေရတာလဲ!'
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now