Ch 45: Lin QingYe Was Angry

9.1K 1.4K 43
                                    

(Unicode)

Chapter-45 Lin QingYe Was Angry

"ရှောင်ဟန်.. ဒီတစ်ခါလဲ မင်းရဲ့အလှည့်ပဲ.. မင်းကို အဲဒီအစောင့်တွေကလည်း သတိထားနေမှာ မဟုတ်ဘူး။ ဒီအမှုန့်အိတ်ကို ယူသွားပြီး သူတို့ သတိလက်လွတ် ဖြစ်နေတဲ့အချိန် သူတို့အပေါ်ကို ပစ်လိုက်.. ဟုတ်ပြီလား"

စစ်ယွိဟန်က ဘာမှပြန်မပြောဘဲ ခဲ့ရွမ်ရဲ့လက်ထဲက အမှုန့်အိတ်ကိုယူပြီး အစောင့်နှစ်ယောက်ဆီ လျှောက်သွားလိုက်သည်။

ခဲ့ရွမ်က အံ့အားသင့်သွား၏။ သူက တကယ့်ကို ထိပ်တန်း ဇာတ်လိုက်ပဲ.. ထက်မြက်တယ်၊ အရည်အချင်းရှိပြီး လှပတယ်!

ရုတ်တရက် ခဲ့ရွမ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ စစ်ယွိဟန်သည် ထိုအစောင့်များထံ တိုက်ရိုက် လျှောက်သွားပြီး သူတို့မေးသော‌အခါ ဘာမှပြန်မပြောဘဲ အိတ်ကို သူတို့ရှေ့၌ ပေါ်တင်ဖွင့်ကာ မျက်နှာပေါ်တွင် ဖြန့်ကျဲလိုက်လေသည်။

ဟုတ်တယ်.. ဒီအတိုင်းပဲ ဖြန့်ကျဲလိုက်တာ။

သဘာဝကျကျပဲ.. လှည့်ပတ်နေစရာတောင် မလိုဘူး။

လခွမ်း!

ခဲ့ရွမ် သူ့လက်ကို နဖူးပေါ်တင်လိုက်သည်။ သူသည် စာအုပ်၏ အမျိုးသားခေါင်းဆောင်ဖြစ်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ အထင်ကြီးစရာကောင်းလိုက်တာ!

သူက ကုန်းပြီး အားလန်ကို ပွေ့ချီလိုက်သည်။
"ဟန်.. အိမ်ထဲဝင်ရအောင်"

သူတို့ဝင်လာသည့်အခါ လင်ချင်းယဲ့နှင် အခြားသူများသည် မေ့လဲနေကြမည်ဟု သူထင်ခဲ့သည်။ သို့သော် ဆန့်ကျင်ဘက် ဖြစ်နေသည်။ မျက်လုံးပေါင်းများစွာက သူ့ကို တိုက်ရိုက် ကြည့်နေကြသောအခါ ခဲ့ရွမ် ရုတ်တရက် အဆင်မပြေဖြစ်လာသည်။

ခဲ့ရွမ်က ဟန်ဆောင် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "မြန်မြန်.. မင်းတို့ထဲကနှစ်ယောက် အပြင်ထွက်ပြီး အဲဒီ အစောင့်နှစ်ယောက်နေရာမှာ အစားသွားထိုးလိုက်"

လင်ချင်းယဲ့က ရုတ်တရက် ထရပ်လိုက်တဲ့အခါ ခဲ့ရွမ် ကြောက်လန့်သွားသည်။ ခဲ့ရွမ်က အပြစ်ရှိသလို ခံစားလိုက်ရပြီး ပြောလိုက်၏။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now