Ch 83: စစ်သူကြီးလုံ/စစ္သူႀကီးလုံ

7.5K 1.3K 35
                                    

(Unicode)

စစ်ယွိဟန်သည် လင်ချင်းယဲ့ကို ကြည့်လိုက်ပြီး သူ့မျက်လုံးများ၌ အေးစက်သော အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ခဲ့ရွမ်သည် သူ့လူဖြစ်ပြီး မည်သူမျှ သူ့ကို လုမယူသွားနိုင်ပေ။

"အဆင်သင့်ဖြစ်ပြီဆိုတော့ တောင်ပေါ်က ဆင်းရအောင်"

လမ်းမှာ ခဲ့ရွမ်က ထိုနေ့က အဖြစ်အပျက်ကို အကြမ်းဖျင်း သိလိုက်ရသည်။

ပိုလို့တောင် အံ့သြမိတာကတော့ ထိုလူက အမတ်ချုပ်ရဲ့သားတဲ့လေ။ တိုက်ဆိုင်လိုက်တာ!

ယခု သူတို့သည် လှေတစ်စင်းတည်းပေါ်ရှိ၍ မည်သူ့ကိုမျှ ရှောင်လွှဲ၍ မရနိုင်ပေ။

ထွက်ခွာပြီး သိပ်မကြာခင်မှာပဲ ခဲ့ရွမ်ဟာ တုန်ခါနေတဲ့ မြေပြင်ကို စတင်ခံစားမိလိုက်သည်။ တောင်ကို ဖောက်ခွဲပစ်တော့မှာလား?

"မြန်မြန်သွားကြ" လင်ချင်းယဲ့က အေးစက်စွာ အမိန့်ပေးလိုက်၏။

"ဟုတ်ကဲ့!"

ခဲ့ရွမ်သည် စစ်ယွိဟန်၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ့ကိုငုံ့ကြည့်လိုက်သည်။

"မကြောက်နဲ့နော်.. ငါ မင်းနဲ့ အတူရှိနေတယ်"

စစ်ယွိဟန်သည် ထိုလူသားအား လုံးဝ စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ထားသလိုမျိုး သူ့မျက်လုံးတွေ တလက်လက် တောက်ပနေလေသည်။

သူတို့သည် တောင်တစ်ဝက်‌လောက်အရောက်တွင် တောင်အောက်က တက်လာသောအဖွဲ့ကို တစ်ဝက်တစ်ပျက် မြင်နေရနေပြီဖြစ်သည်။
ခဲ့ရွမ်သည်လည်း တောင်ပြိုကျလုနီးပါး များပြားလှသော လူအုပ်ကြီးကို တွေ့လိုက်ရသည်။

"စစ်သူကြီး.. ကျွန်တော်တို့ရှေ့မှာ ရာနဲ့ချီတဲ့လူတွေရှိတယ်"

"သူတို့က ဘယ်သူတွေလဲ"

ခေါင်းဆောင်၏ မျက်လုံးများက တောင်‌ပေါ်ကို တစ်ချက်ကြည့်လိုက်သည်။ သူတို့၏ တာဝန်မှာ မင်းသားလေးကို ပြန်ခေါ်လာရန် ဖြစ်သည်။ မင်းသားလေးသားသာ ဒီမှာသေသွားရင် ဒီမှာရှိတဲ့လူတိုင်း သေရမှာဖြစ်သည်။

"ကျွန်တော်မျိုးလဲ မသိပါဘူး... ဒါပေမယ့် သူတို့က သာမန်တောင်ဓားပြတွေနဲ့ မတူဘူး"

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now