Ch 53: His Brother QingYe

8.9K 1.5K 35
                                    

(Unicode)

Chapter-53 His Brother QingYe

လင်ချင်းယဲ့သည် ခဲ့ရွမ်က စစ်ယွိဟန်ကို လမ်းလျှောက် ထွက်ရန်သာ ခေါ်သွားသည်ဟု သူမထင်ထားပေ။ မကြာခင်မှာ ပြဿနာကို သိလိုက်ရပြီး သူ့လက်အောက်ငယ်သားက အချိန်မီ အိမ်ပြန်လာခဲ့သည်။

"အားလုံး ငါ့နောက်ကို လိုက်ခဲ့ကြ"

စစ်သည်တွေကလည်း ဘာတခွန်းမှ မပြောရဲပေ။ စစ်သူကြီးလင်သည် လောလောဆယ် ဒေါသက အထွတ်အထိပ်သို့ ရောက်နေတာကြောင့် သူ့နောက်သို့သာ ဂရုတစိုက် လိုက်သွားကြသည်။

ချောင်တောင်ကို ကောင်းစွာ အလှဆင်ထားပြီး သီချင်းသံသဲ့သဲ့ ကြားနေရသည်မှာ ပျော်ရွှင်စရာ အချိန်လေးတစ်ခု ရှိနေတာ ဖြစ်နိုင်ပါသည်။ လင်ချင်းယဲ့သည် သူ့လက်သီးကို တင်းတင်းဆုပ်ပြီး ထိုနေရာသို့ လျှောက်သွားလိုက်သည်။

အဝေးတွင် အရက်ပုလင်းကို လက်တစ်ဖက်တွင်ကိုင်ကာ ပျင်းရိစွာထိုင်နေသော ဓားပြခေါင်းဆောင်ကို သူမြင်လိုက်ရသည်။

လင်ချင်းယဲ့နှင့် သူ၏လူများ အပြေးအလွှား လာနေစဉ် တံခါးစောင့်များသည် ဓားရှည်များကို ဆွဲထုတ်ကာ တားလိုက်သည်။

"ထွက်သွားစမ်း!" လင်ချင်းယဲ့သည် သူ့မျက်လုံးများတွင် လူသတ်ချင်‌သော အကြည့်ဖြင့် လက်သီးကို တင်းတင်း ဆုပ်ထားသည်။

မုတ်ဆိတ်မွှေးနဲ့လူက ထုံးစမ်းအတိုင်း သူ့ကို သတ်ချင်စိတ် ပြည့်နေတဲ့ လင်ချင်ယဲ့ကို မြင်လိုက်ရသည်။ သူက လက်ကိုဝှေ့ယမ်းကာ ခါးခါးသီးသီး ပြောလိုက်၏။

"သူ့တို့ကို ဝင်ခွင့်ပြုလိုက်"

"ဟုတ်ကဲ့!"

လင်ချင်းယဲ့သည် သူ့ဘေးနားရှိလူကို ကြမ်းတမ်းစွာ ကန်ထုတ်လိုက်ပြီး ထိုင်ခုံပေါ်ရှိ လူဆီသို့ တည့်တည့် ဦးတည်သွားလိုက်သည်။ ထို့နောက် သူ့လည်ပင်းကော်လံကနေ ဆွဲမလိုက်၏။

"သူ ဘယ်မှာလဲ"

အစောင့်တွေက သူတို့ရဲ့ခေါင်းဆောင်ကို ဒီလိုဆက်ဆံတာ မြင်တဲ့အခါ ထိန်းမနိုင်သိမ်းမရ ဒေါသတကြီး ဖြစ်လာကြပြီး သူတို့ရဲ့ဓားရှည်တွေကို ဆွဲထုတ်ကာ လင်ချင်းယဲ့နဲ့ သူ့လူတွေကို ချိန်ရွယ်ထားလိုက်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now