Ch 38: Ke Ruan Had an Idea

9.7K 1.5K 12
                                    

(Unicode)

Chapter-38 Ke Ruan Had an Idea

နောက်တစ်နေ့မနက်တွင် လင်ချင်းယဲ့သည် ကောင်းစွာ ပြင်ဆင်ထားပြီးပြီဖြစ်ပြီး ချောင်ရှန်တွင် တစ်စုံတစ်ခုကို စုံစမ်းရှာဖွေရန်အတွက် စစ်သည်အချို့စေလွှတ်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ခဲ့ရွမ်သိလိုက်ရသည်။

သို့သော်လည်း လင်ချင်းယဲ့သည် သူ့ကို ခေါ်ဆောင်ရန် ဘယ်သောအခါမှ သဘောတူမည်မဟုတ်သောကြောင့် လျှို့ဝှက်စွာလိုက်ရန် နည်းလမ်းကို ရှာဖွေရမည် ဖြစ်သည်။ မဟုတ်လို့ လင်ချင်းယဲ့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?

စစ်ယွိဟန်သည် ခဲ့ရွမ်၏ မျက်စံများ လျင်မြန်စွာ ရွေ့လျားနေသည်ကို တွေ့လိုက်ရသည်။ ခဲ့ရွမ်မှာ တစ်ခုခုလုပ်ဖို့ အစီအစဉ်ရှိမှန်း သူ ချက်ချင်း သိလိုက်သည်။

"ရှောင်ဟန်.. ကိစ္စတွေအများကြီး ဖြစ်ပျက်သွားတာဆိုတော့  မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား.. မင်းမှာ အိပ်မက်ဆိုးတွေဘာတွေ ရှိလား.. မင်းကို ကြည့်စမ်းပါအုံး.. အရမ်းပိန်လွန်းတယ်.. အဲတာကြောင့် အစား များများ ပိုစားသင့်တယ်.. ကိုယ့်ကိုကိုယ် ကောင်းကောင်း ဆက်ဆံနော်" ခဲ့ရွမ်က အစားအစာပန်းကန်ကို ကောက်ယူပြီး သူ့ပန်းကန်လုံးထဲကို ထပ်ခါထပ်ခါ ထည့်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ခဲ့ရွမ် အေးခဲသွားပြီး ရုတ်တရက် သူ့ကို ကြည့်လိုက်သည်။ သူမြင်လိုက်ရတာက နူးညံ့တဲ့မျက်လုံးတစ်စုံ။ သူမျက်ရည်ကျလုမတတ် ဖြစ်သွားရ၏။ ဘယ်‌လောက် ကောင်းလိုက်သလဲ! အရင်က သူက ငါ့ကို လှောင်ပြောင်ပြီး လျစ်လျူရှုခဲ့တယ်။ အခုတော့! အပြင်မှာ လုံးဝမသိသာပေမယ့် ခဲ့ရွမ်ကတော့ စိတ်ထဲမှာ ကြိတ်ဝမ်းသာပျော်ရွင်နေသည်။ ကောင်းလိုက်တာ!

"သခင်လေး.. နောက်ရက်အနည်းငယ်ကြာအောင် တည်းခိုခန်းမှာပဲ နေပါ"

ခဲ့ရွမ်က မေးလိုက်သည်။
"မင်းရော လိုက်သွားမှာလား"

"ဟုတ်ကဲ့"

ခဲ့ရွမ် လင်ချင်းယဲ့ကို သူ့အား ခေါ်သွားခိုင်းဖို့ စဉ်းစားနေ၏။ သူက လင်ချင်းယဲ့ကို ခဏလောက် ကြည့်ပြီးနောက် အသံတိုးတိုးလေးနဲ့ ပြောလိုက်သည်။
"စစ်သူကြီးလင်.. မင်း..."

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now