Ch 108 : ရွှေနန်းဆောင်အတွင်း ပြင်းထန်သော ဒီရေလှိုင်းများ

6.4K 1K 10
                                    

(Unicode)

လွန်ခဲ့သည့်ရက်အနည်းငယ်တွင် စစ်ယွိဟန်သည် ခဲ့ရွမ်၏ နန်းဆောင်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး တစ်ယောက်တည်း မအိပ်ဝံ့ကြောင်း အခိုင်အမာဆိုခဲ့သည်။

ကံကောင်းစွာပဲ သူသည် ညဥ့်နက်မှ ခဲ့ရွမ်ရဲ့အိပ်ရာထဲကို အမြဲတက်ခဲ့သည်။ သူဒါကိုပထမဆုံးအကြိမ်လုပ်တုန်းက ခဲ့ရွမ်ဟာ သေမလောက်ကြောက်သွား၏။ ဒီကလေး ကြီးပြင်းလာတဲ့ ပုံပြင်ဟာ ထိတ်လန့်စရာ ဇာတ်လမ်းအဖြစ် ပြောင်းလဲလုနီးပါးဖြစ်နေပြီလို့ သူ့ကိုယ်သူ တွေးနေခဲ့သည်။

စစ်ယွိဟန်သည် ခဲ့ရွမ်၏အနားတွင်သာ ကောင်းကောင်း အနားယူနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

သူ့ကိုယ်သူ ဘယ်လိုခံစားနေရမှန်းတောင် မသိတော့ပေ။ ထိုလူကို မုန်းတီးခဲ့ဖူးပေမယ့် အခုချိန်မှာတော့ သူ့ကို မထားခဲ့နိုင်တော့ပေ။

အရင်ဘဝမှာတုန်းက သူ့ဘဝရဲ့ တစ်ဝက်လောက်ကို ခဲ့ရွမ်ကို အနိုင်ယူခြင်းဖြင့် ကုန်ဆုံးခဲ့သည်။ ဤဘဝတွင် ခဲ့ရွမါသည် သူနှင့်အတူ ထာဝရရှိနေခြင်းဖြင့် လျော်ကြေးပေးရလိမ့်မည် ဖြစ်သည်။

ပြီးခဲ့သောရက်အနည်းငယ်အတွင်း ခဲ့ရွမ်သည် စစ်ယွိဟန်ကို မနိုးစေချင်သောကြောင့် အဝတ်အစားဝတ်ကာ မျက်နှာကို ဆေးကြောရန် အပြင်ထွက်ခဲ့ရသည်။

ခဲ့ရွမ် အဘယ်ကြောင့် ရုတ်တရက် လုံ့လဝီရိယ ကြီးလာသည်ကို စစ်ယွိဟန်မှလွဲ၍ မည်သူမျှ မသိကြပေ။

ဒီနေ့ဟာ အရေးကြီးတဲ့ နေ့တစ်နေ့ပင် ဖြစ်သည်။ ယနေ့သည် ခဲ့ရွမ်၏အောင်မြင်မှု သို့မဟုတ် ကျရှုံးမှု၏ သက်သေ ဖြစ်လိမ့်မည်။ ခဲ့ရွမ်သည် စစ်ယွိဟန်ကို ခါတိုင်းလို နောက်ကျတဲ့ထိ အိပ်ခွင့်မပေးဘဲ နှိုးလိုက်လေသည်။

တကယ်တော့ ခဲ့ရွမ်နိုးလာတိုင်း စစ်ယွိဟန်လည်း နိုးနေပြီဖြစ်သည်။ ထို့ကြောင့် ခဲ့ရွမ် တစ်ခုခု ပြောပြီးသည်နှင့် မျက်လုံးကို အေးအေးဆေးဆေး ဖွင့်လိုက်သည်။

မျက်လုံးကိုဖွင့်လိုက်ပြီး ခဲ့ရွမ်ကိုတွေ့တဲ့အခါ စစ်ယွိဟန်၏ အမူအရာသည် နူးညံ့သိမ်မွေ့နေသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now