Ch 47: Clingy Si Yuhan

9.1K 1.4K 44
                                    

(Unicode)

Chapter-47 Clingy Si Yuhan

မုတ်ဆိတ်မွှေးနဲ့လူက မပြုံးဘဲမနေနိုင်ချေ။ သူက လက်နောက်ပစ်ပြီး သူ့ကိုယ်ပိုင်အိမ်ဆီ လျှောက်သွား တော့သည်။ သူ့အစ်ကိုလင်ကို သူ့အိမ်ခန်းမှာ နေခိုင်းဖို့ တကယ်ပဲ ဆန္ဒရှိပေမယ့် သူက ကြောက်လန့်နေသေး
သောကြောင့် နေခိုင်းလို့ မရသေးပေ။ သို့သော် ထိုနေ့သည် မကြာမီ ရောက်ရှိလာပေတော့မည်။

ထိုလူ ထွက်သွားပြီးတာနဲ့ အစေခံတွေက အရသာရှိတဲ့ အစားအစာ အစုံအလင်ကို ချက်ချင်း လာရောက် ကျွေးမွေးတော့သည်။ ခဲ့ရွမ်သည် ထောင့်မှ ထွက်လာပြီး လင်ချင်းယဲ့၏ ညာဘက်တွင်ထိုင်ကာ စစ်ယွိဟန်ကိုလည်း ဘေးက ခုံပေါ်တွင် နေရာချပေးလိုက်သည်။ ထို့နောက် လင်ချင်းယဲ့အား မေးလိုက်၏။

"အဲဒီလူက မင်းအပေါ် ဘာလို့ဒီလောက်တောင် သဘောကောင်းနေရတာလဲ"

"ဟမ်.. အဲလိုလား?"
လင််ချင်းယဲ့က အေးစက်စက်ပြောလိုက်၏။

ခဲ့ရွမ် "....."

သူက စစ်ယွိဟန်ဘက်လှည့်ပြီး သူ့ဆံပင်တွေကို ပွတ်သပ်ပေးလိုက်သည်။

"မင်း ဗိုက်ဆာနေလောက်ပြီ စားတော့"

"အဆိပ်သင့်မှာ မကြောက်ဘူးလား"

ဘာ? ခဲ့ရွမ် ဒါကို မမျှော်လင့်ထားခဲ့ပေ။
လင်ချင်းယဲ့က ယုတ်မာတတ်တဲ့လူဆိုတာကို သူဘာလို့ အရင်က မသိခဲ့ပါလိမ့်?

(T/N : လင်ချင်းယဲ့က စစ်ယွိဟန် မစားရဲတော့အောင် ပြောလိုက်တာ😂)

ယခုတော့ ခဲ့ရွမ်သည် စစ်ယွိဟန်ကို စားခိုင်းသင့်၊ မသင့် မသိတော့ပေ။

စစ်ယွိဟန်က စားစရာကို ယူလိုက်ပြီး အသံတိုးတိုးလေးနဲ့ ပြောလိုက်သည်။

"ကျွန်တော် ဗိုက်ဆာနေပြီ"

"ဒါဆိုလည်း နည်းနည်းစားလိုက်"

လင်ချင်းယဲ့သည် ပို၍ စိတ်ဆိုးသွားပုံရသည်။

"ငါတို့ဖမ်းထားတဲ့လူတွေကို အပြင်ထုတ်ပေးလိုက်တော့!"

စစ်သူကြီး၏အနားတွင် နှစ်အတော်ကြာအောင်နေခဲ့ရ၍ စစ်သူကြီးလင်သည် စိတ်ဆိုးနေပါက အရမ်းကြောက်စရာ ကောင်းကြောင်း သူတို့အားလုံး သိသည်။ ထို့ကြောင့် သူတို့အားလုံးက နောက်မှာ ငြိမ်ငြိမ်ကုပ်ကုပ်လေး ရပ်နေကြသည်။ စစ်သူကြီးက အမိန့်ပေးတဲ့အခါမှတော့ အားလုံးက အလုပ်လုပ်ရန် အလျင်အမြန် ပြေးထွက်သွား ကြတော့သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)जहाँ कहानियाँ रहती हैं। अभी खोजें