Ch 100: စိတ်ဆိုးနေသော စစ်ယွိဟန်/စိတ္ဆိုးေနေသာ စစ္ယြိဟန္။

7.8K 1.1K 12
                                    

(Unicode)

ခဲ့ရွမ်၏စကားများသည် စိတ်မရှည်ခြင်း သို့မဟုတ် ဆန္ဒမပါရှိခြင်းမဟုတ်ဘဲ ရိုးရိုးသားသားဖြစ်ကြောင်း တွေ့ရှိသဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။

"ကျွန်တော် ဘုရင်မင်းမြတ်ဆီ အစီရင်ခံပြီးပြီ.. ဘုရင်မင်းမြတ်က အရှင့်သားကို တရားရုံးတက်ရောက်ဖို့ ခွင့်ပြုပါတယ်"

ဒါဆို... သူ့အတွက် ရွေးချယ်စရာ နေရာမရှိတော့ဘူး။

"ငါနားလည်ပြီ"

လင်ချင်းယဲ့က ခဏလောက်စဉ်းစားပြီး ဆို၏။

"ခွင့်လွှတ်ပါ အရှင့်သား.. ကျွန်တော် ကိုယ့်သဘောနဲ့ကိုယ် လုပ်လိုက်မိတယ်"

ခဲ့ရွမ်က ခေါင်းယမ်းလ်ိုက်သည်။
"ဘာလို့ ခွင့်မလွှတ်ရမှာလဲ.. စစ်သူကြီးလင်က ငါ့အကျိုးအတွက် လုပ်ခဲ့တယ်ဆိုတာ ငါသိပါတယ်"

လင်ချင်းယဲ့၏ မျက်နှာသည် သိသိသာသာ
တောက်ပသွားလေသည်။

ညဘက်တိုင်း ခဲ့ရွမ်နှင့် အမြဲတစေရှိနေသော စစ်ယွိဟန်သည် ယနေ့ညတွင် သူ့အခန်းထဲ၌ မပေါ်လာသောကြောင့် ခဲ့ရွမ် ရင်ထဲ တင်းကျပ်သွားလေသည်။

စစ်ယွိဟန်သည် သူ၏အသက်နှင့်သေခြင်းတရား၊ ခန္ဓာကိုယ်နှင့် စိတ်တို့ကို အုပ်စိုးသော သူ၏နတ်ဘုရား ဖြစ်သည်။

ခဲ့ရွမ်သည် ချက်ချင်းဆိုသလိုပဲ သူ့အခန်းတံခါးကို သွားခေါက်လိုက်သည်။ ထုံးစံအတိုင်း သူသည် ဆင်ခြေတစ်ခု ရှာရတော့သည်။ လက်ဗလာနဲ့ လာလို့‌တော့ မရပေ။

တံခါးခေါက်သံကိုကြားတော့ စစ်ယွိဟန်သည် သူ့လက်ထဲရှိ ဓားမြိတ်က ကျောက်တုံးကို ဆုပ်ကိုင်လိုက်ပြီး ဖွင့်ရန်ရည်ရွယ်ချက်မရှိဘဲ သူ၏ နက်မှောင်သော မျက်လုံးများသည် တံခါးပေါ်သို့ ကျရောက်သွားသည်။

တံခါးခေါက်သံက ရပ်သွားလေသည်။ စစ်ယွိဟန်သည် မျက်မှောင်ကြုတ်ပြီး သူ့မျက်လုံးများတွင် တုန်လှုပ် ချောက်ချားမှုများ ပေါ်လာသည်။ သူ ဘာလို့ နောက်ထပ် အကြိမ်ပေါင်းများစွာ ထပ်မခေါက်နိုင်ရတာလဲ?

သူက စိတ်မရှည်ဘူး!

တံခါးခေါက်သံမကြားရတော့ စစ်ယွိဟန် ချက်ချင်း ထရပ်လိုက်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Onde histórias criam vida. Descubra agora