Ch: 9 (U+Z)

13.3K 2K 42
                                    

Unicode

Chapter-9 ခဲ့ရွမ်အားသတ်ဖို့ မဖြစ်နိုင်။

သူ့လက်ထဲက တုတ်ထိုးသကြားလုံးကို ကြည့်ပြီး စစ်ယွိဟန်က မထိန်းနိုင်စွာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"

"ဟင်?" ခဲ့ရွမ်သည် ရုတ်တရက် နားမလည်ဘဲ ဖြစ်သွားသည်။ "ဘာကို ဘာဖြစ်လို့လဲ"

"ကျွန်တော့်အတွက်​ ဒါကို ဘာလို့ဝယ်​ခဲ့တာလဲ"

"....."

သူ့ကို စိတ်ကျေနပ်စေဖို့ ဒီလိုလုပ်ရခြင်းရဲ့ အကြောင်းရင်း အစစ်အမှန်ကို သူမပြောနိုင်တာ သေချာပါသည်။ ဒါနဲ့ သူက ပြုံးပြီးပြောလိုက်သည်။

"ဘာအကြောင်းမှမရှိဘူး..ငါမြင်လိုက်တာနဲ့ မင်းလို ကလေးတွေက ကြိုက်မှာပဲဆိုပြီး ဝယ်လာတာ"

ခဲ့ရွမ်သည် စစ်ယွိဟန်၏ စိုက်ကြည့်နေမှုကြောင့် အနည်းငယ် ထိတ်လန့်သွားပြီး သူ မဝယ်ခဲ့သင့်ဘူးဟု တွေးလိုက်မိသည်။ သူရှင်းပြဖို့ပြင်လိုက်တဲ့ အချိန်မှာပဲ စစ်ယွိဟန်က ရုတ်တရက် သူ့ကို အကြည့်လွှဲလိုက်ပြီး ခေါင်းငုံ့လိုက်သည်။

"ကျေးဇူးတင်ပါတယ်!"
ဒါဆို သူတကယ်ဝယ်ခဲ့တာပေါ့?

ခဲ့ရွမ်စိတ်သက်သာရာရသွားပြီး ပြောလိုက်သည်။

"ရပါတယ်..စားပါ"

လင်ချင်းယဲ့၏ အသံသည် ရထားအပြင်ဘက်မှ ထွက်ပေါ်လာသည်။
"အရှင့်သား..မင်းညီမင်းသားတွေ အားလုံးကို
နေရာချပြီးပြီ။ ကျွန်တော်မျိုးတို့နဲ့လိုက်ဖို့ ဆုံးဖြတ်ထားတဲ့ မင်းသားတစ်ပါးရှိသေးတယ်
..အဲဒါ...."

ခဲ့ရွမ်သည် လင်ချင်းယဲ့ ဘာပြောမည်ကို သိသောကြောင့်ပြောလိုက်၏။

"သူ့ကိုလိုက်ခွင့်ပြုလိုက်"

"ဟုတ်ကဲ့ပါ အရှင့်သား!"

ခဲ့ရွမ်သည် ယွီရှင်းပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။

"အရှင့်သား.." ယွီရှင်းက အရိုအသေပေးတော့မည်အပြု ခဲ့ရွမ်က သူ့လက်ကို ဝှေ့ယမ်းပြီးပြောလိုက်သည်။

"မလိုဘူး..ထိုင်ပါ"

"ကျေးဇူးတင်ပါတယ်..အရှင့်သား" ယွီရှင်းသည် စစ်ယွိဟန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)On viuen les histories. Descobreix ara