Ch: 26 (U+Z)

10.6K 1.6K 16
                                    

Unicode

Chapter-26 ရွံရှာဖွယ်ကောင်းသော ရနံ့။

လင်ချင်းယဲ့လည်း အလောတကြီးရောက်လာ၏။

ခဲ့ရွမ်က ပြောလိုက်သည်။

"ဒီကလေးမလေးကို ဘာလုပ်ရမှန်းမသိ ဖြစ်နေတာ.. မင်းရောက်လာတာ ဝမ်းသာလိုက်တာ.. စစ်သူကြီးလင် ဒီကောင်မလေးကို တည်းခိုခန်းကို ခေါ်သွားပေး နိုင်မလား.. ငါ စစ်ယွိဟန်ကို သွားရှာလိုက်အုံးမယ်"

လင်ချင်းယဲ့က မျက်မှောင်ကြုတ်လိုက်သည်။
"မဟုတ်သေးဘူး.. ကျွန်တော်သွားလိုက်မယ်.. သင်သာ တည်းခိုခန်းကို ပြန်သွားလိုက်ပါ"

ခဲ့ရွမ်က သဘောမတူပေ။

"စစ်သူကြီးလင်.. မင်း နားမလည်ပါဘူး။ ငါ
အဲဒီကို သွားမှရမယ်.. စိတ်မပူနဲ့.. ငါ အကောင်းဆုံး အရာတွေကို သင်ယူထားတယ် မဟုတ်လား? ငါ မင်းအတွက် အရှက်တကွဲ မဖြစ်စေရဘူး.. ငါ့ကိုယုံပါ"

ခဲ့ရွမ်သည် ကလေးမလေးကို ချီလိုက်ကာ လင်ချင်းယဲ့ထံ အပ်လိုက်သည်။ ထိုကလေးမလေးက သူ့လည်ပင်းကို သိုင်းဖက်ထားလိုက်တဲ့အခါ လင်ချင်းယဲ့တစ်ယောက် တောင့်တင်းသွားပြီး မလှုပ်ရဲတော့ပေ။ သူ ဒီကလေးမကို မကြိုက်တာကြောင့် မဟုတ်ဘဲ မည်သူ့ကိုမျှ ဒီလောက် မရင်းနှီးဖူးသောကြောင့် ဖြစ်သည်။ သူမသည် သေးသေးလေးမျှသာ ရှိသေးသော်လည်း သူသည် ဒီအခြေအနေကို အသားမကျနိုင်သေးပေ။

ခဲ့ရွမ်သည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး လင်ချင်းယဲ့၏ ရင်ဘတ်တစ်ခုလုံးကို လိုက်ထိနေသည်။ လင်ချင်းယဲ့က သူ့ကို အံ့သြစွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် ခဲ့ရွမ်က သူ့ရင်ဘတ်ထဲက ပိုက်ဆံတွေကို ထုတ်ယူပြီး ပြောလိုက်သည်။

"စိတ်မရှိပါနဲ့.. ငါ အရေးတကြီး လိုအပ်လို့ပါ။ မင်း ဒီကောင်မလေးကို ပြန်ပို့ပေးလိုက်..ပြီးရင် ငါ့ကို ပြန်လာရှာပေါ့ ဟုတ်ပြီလား"

သူ့တွင် လင်ချင်းယဲ့နှင့် ဆွေးနွေးရန် အချိန်မရှိပေ။ ဒါကြောင့် သူလှည့်ပြီး အမွှေးနံ့သာဥယျာဉ်ဆီ ပြေးသွားတော့သည်။ ရှေးခေတ်က ဆောင်ကြာမြိုင် ဆိုတာ ရှာရအလွယ်ဆုံး နေရာဖြစ်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Unde poveștirile trăiesc. Descoperă acum