Ch: 16 (U+Z)

11.8K 1.8K 5
                                    

Unicode

Chapter-16 အန္တရာယ်ရှိသော အခြေအနေ။

ခဲ့ရွမ်သည် ဓားပြတစ်ဦး ရုတ်တရက် တိုက်ခိုက်ခြင်း ရပ်သွားသည်ကို ချက်ခြင်း သတိပြုမိပြီးနောက် ထိတ်လန့်တုန်လှုပ်နေတဲ့ဇာတ်လိုက်ကို တွေ့လိုက်ရသည်။ ညဘက်၌ပင် သူ့ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

"ဟန်..သတိထား"
ခဲ့ရွမ်က ကြောက်လန့်တကြား အော်လိုက်သည်။

စစ်ယွိဟန်သည် ထိတ်လန့်စွာကြည့်နေရင်းမှ
လှည့်ပြီး တောအုပ်ဆီသို့ ပြေးတော့သည်။

ခဲ့ရွမ်သည် သူ့ပတ်ဝန်းကျင်ရှိ ဓားပြများကို ရှင်းပစ်ပြီးနောက် စစ်ယွိဟန်၏နောက်သို့ ပြေးလိုက်သွားသည်။

ထို့နောက် ဓားပြအများစုသည် ခဲ့ရွမ်အခုနေ အကာအကွယ်မရှိမှန်း သိသွားကြပြီး ခဲ့ရွမ်နောက်သို့ ပြေးလာကြသည်။

လင်ချင်းယဲ့၏မျက်နှာသည် အရောင်ပြောင်းသွားပြီး သူ့မျက်လုံးများကလဲ မှုန်မှိုင်းသွားသည်။ ဓားပြအများစုသည် ခဲ့ရွမ်၏နောက်သို့ လိုက်နေကြသောကြောင့် ကျန်ရှိသူအားလုံးကို အလွယ်တကူပင် သတ်ပစ်နိုင်ခဲ့သည်။

လင်ချင်းယဲ့က အမိန့်ပေးလိုက်သည်။

"အားလုံး..သခင်လေးကို သွားရှာကြ။
သူအဆင်ပြေပြေ ရှိနေပါစေနော််"

သူ့ကို ရှာတွေ့ဖို့ လိုအပ်ရုံတင်မကဘဲ လုံခြုံပြီး ဘေးကင်းကင်းရှိဖို့လည်း လိုအပ်သည်။

"အမိန့်အတိုင်းပါ စစ်သူကြီး!"

ခဲ့ရွမ်သည် အဝေးက စစ်ယွိဟန်ကို အာရုံစိုက်လိုက်သည်။ မျက်တောင်တစ်ချက်‌တောင် မခတ်ဝံ့ပါ‌ချေ။ သူ့ဘက်က နည်းနည်းလေး ပေါ့ဆလိုက်သည်နှင့် စစ်ယွိဟန် ထာဝရ ပျောက်ကွယ်သွားမည်ကို သူကြောက်သည်။

ခဲ့ရွမ်သည် သူ့ဓားကို တင်းတင်းကြပ်ကြပ်ကိုင်ထားပြီး
စစ်ယွိဟန်ဆီသို့ အတတ်နိုင်ဆုံး ပြေးသွားခဲ့သည်။ ညအချိန် တောအုပ်ထဲရှိ လေထုဟာ တော်တော်‌လေး စိုစွတ်၏။ လေအေးသည် သူ့လည်ချောင်းထဲကို စိမ့်ဝင်သွားပြီး ခဏအကြာမှာ ပူလောင်လာသလို ခံစားလိုက်ရသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)On viuen les histories. Descobreix ara