Ch: 19 (U+Z)

11.8K 1.8K 10
                                    

Unicode

Chapter-19 မျှော်လင့်ထားသောအဖြေ။

"သခင်လေး!"
လင်ချင်းယဲ့၏အသံမှာ ထိန်းမနိုင်သိမ်းမရ စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည်။ သူသည် လဲကျ‌တော့မယ့် ခဲ့ရွမ်ကို ဖမ်းဖို့ လက်တွေကို ဆန့်ထုတ်လိုက်၏။

ခဲ့ရွမ်က ဘာမှပြန်မပြောနိုင်လောက်အောင် အားနည်းနေသော်လည်း သူ့လက်ကျန်စွမ်းအင်တွေကို စုဆောင်းကာ လင်ချင်းယဲ့ကို ပြောလိုက်သည်။

"စိတ်မပူပါနဲ့.. ငါအဆင်ပြေပါတယ်"

လင်ချင်းယဲ့က ခဲ့ရွမ်၏ပခုံးကို သိုင်းဖက်ကာ သူ့ဘေးနားကအစောင့်ကို အေးစက်စွာ
ပြောလိုက်သည်။

"ငါ့ကို လမ်းပြပေး"

လင်ချင်းယဲ့၏ ပံ့ပိုးကူညီမှုဖြင့် ခဲ့ရွမ်သည် စိတ်သက်သာရာ ရသွားပြီးနောက် သူ၏ ကျန်ရှိသောစွမ်းအင်ကိုချွေတာရန် လင်ချင်းယဲ့ကို မှီလိုက်တော့သည်။

စစ်ယွိဟန်သည် ခဲ့ရွမ်၏ နောက်ကျောကို ကြည့်နေသည်။ သူ့မျက်လုံးများက နားမလည်နိုင်သော အဓိပ္ပါယ်များဖြင့် တဖျပ်ဖျပ်လက်နေသည်။

"စစ်သခင်လေး.."
စစ်ယွိဟန်သည် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ခေါင်းငုံ့ကာ ရှေ့သို့လျှောက်သွားသည်။

ခဲ့ရွမ်သည် လင်ချင်းယဲ့၏နောက်သို့ လိုက်သွားခဲ့သည်။
လင်ချင်းယဲ့သည် သူ့ကို စခန်းသို့ ဂရုတစိုက် သယ်သွားပြီးနောက် စစ်သည်တစ်‌ယောက်အား ရထားလုံးပေါ်မှ ဆေးများကို သွားယူရန် အမိန့်ပေးခဲ့သည်။

ထို့နောက် တခြားစစ်သည်များအားလည်း အမိန့်ပေးလိုက်၏။

"ကင်းလှည့်ပြီး စောင့်ကြပ်ထား"

"အမိန့်အတိုင်းပါ စစ်သူကြီး!"

"သခင်လေး..သခင်လေး"

ခဲ့ရွမ်သည် အလွန်ပင်မောပန်းကာ သတိလစ်လုမတတ် ဖြစ်နေသည်။ လင်ချင်းယဲ့၏ ခေါ်သံကြောင့်သာ မဟုတ်ပါက သူနိုးထခြင်းထက် သေသွားတာက ပိုကောင်းလိမ့်မည်ဟုပင် တွေးနေမိ၏။

"ရေနည်းနည်းလောက် သောက်လိုက်ပါအုံး"

လင်ချင်းယဲ့က ရေပုလင်းကို သူ့နှုတ်ခမ်းမှာ ဂရုတစိုက် တေ့ပေးလိုက်၏။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Όπου ζουν οι ιστορίες. Ανακάλυψε τώρα