8K 1K 20
(Unicode)
ထိုသို့သော အကြည့်အောက်တွင် ခဲ့ရွမ်သည် ကြောက်ရွံ့ ထိတ်လန့်စွာ တုန်လှုပ်သွားသည်။ ဤကဲ့သို့ ရက်စက် ကြမ်းကြုတ်သော ပြစ်ဒဏ်ကို သူမည်သို့ထုတ်ပြော နိုင်ခဲ့သနည်း။ စစ်ယွိဟန် သူ့ကို ချက်ချင်းသတ်ဖို့ အတွက် မစောင့်နိုင်တော့တာလား။ သူအရမ်းမိုက်မဲတာပဲ။
စိတ်အေးအေးထားပြီးနောက် ခဲ့ရွမ်သည် သူ့အသံကို နူးညံ့လိုက်သည်။
"ရှောင်ဟန်.. စိတ်​ရှုပ်​မခံနဲ့ ဟုတ်ပြီလား.. မင်းကို ပြန်မပို့ခင် အရင်မပြောပြခဲ့တာ ငါ့အမှားပါ.. ဒါပေမယ့် ငါတကယ်.."
"အခုပဲ လက်မှတ်ထိုးလိုက်.. ငါ မင်းကို လုံလုံလောက်လောက် သည်းခံပြီးပြီ ခဲ့ရွမ်"
ခဲ့ရွမ်သည် အသက်ပြင်းပြင်းရှူရင်း စိတ်ထဲမှ ကျိန်ဆဲလိုက်၏။ 'ယီး.. ဘယ်လိုဘဝကြီးလဲ'
"ငါ လက်မှတ်ထိုးမယ်။ ငါ အဲ့ဒါကို လက်မှတ်ထိုးမယ်"
ခဲ့ရွမ်သည် ဒေါသကိုထိန်းကာ စားပွဲခုံနားသို့ လျှောက်သွားလိုက်သည်။ ထို့နော် စုတ်တံကို ကောက်ကိုင်လိုက်ပြီး ဆို၏။
"ငါမင်းရဲ့ ဧ.. ဧကရီလုပ်မယ်"
ယောက်ျားတစ်‌ယောက်က တခြားယောက်ျား တစ်‌ယောက်ရဲ့ ဧကရီဖြစ်လာသည်မှာ အလွန်ပင် ထူးဆန်း၏။ သူ ကူးပြောင်းလာပြီးနောက် စစ်ယွိဟန်သည် ဒီလိုပုံစံ ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သောက်ကျိုးနည်း!
"လင်ချင်းယဲ့ အပါအဝင် ငါ့မိသားစုကို လွှတ်ပေးမယ်လို့ ကတိပေး"
စစ်ယွိဟန်သည် စကားတစ်ခွန်းမှ မပြောဘဲ ပြုံးလိုက်၏။
ခဲ့ရွမ် အံကြိတ်လိုက်သည်။ ငါ့ရဲ့ ပေါက်စီလုံးလေးက ဘယ်ရောက်သွားတာလဲ။ သူဘာလို့ ဒီလိုဖြစ်လာရတာလဲ?
ဒီစကားလုံးဟာ သူ့ဘဝမှာ ရေးမှတ်ဖို့ အခက်ခဲဆုံး စကားလုံးပဲလို့ ကျိန်ဆိုပါသည်။
စစ်ယွိဟန်သည် သဘောတူညီချက်ကို ကောက်ယူလိုက်ပြီး သူ့မျက်လုံးများ မှိုင်းသွားခဲ့သည်။
ခဏအကြာတွင်။
"ဒီကိုလာအုံး" စစ်ယွိဟန်က ပြောလိုက်သည်။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now